ဟာသမင်းသမီး လက်စ်လီဂျံုးစ်ရဲ့ ၀က်ဆိုက်ဒ် ဟက်ကာတိုက်ခိုက်ခံရပြီးနောက် အဖော်အချွတ်ပုံများ အွန်လိုင်းတွင် တင်ခြင်းခံရ

ဟာသမင်းသမီး လက်စ်လီဂျံုးစ်ရဲ့ ၀က်ဆိုက်ဒ် ဟက်ကာတိုက်ခိုက်ခံရပြီးနောက် အဖော်အချွတ်ပုံများ အွန်လိုင်းတွင် တင်ခြင်းခံရ

လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၂၅ ။             ။ အမေရိကန် ဟာသမင်သမီး လက်စ်လီဂျုံးစ်၏ ဝက်ဆိုက်ဒ် သြဂုတ်၂၄ရက်က ဟက်ကာတိုက်ခိုက်ခံရပြီးနောက် ၎င်း၏ နိုင်ငံကူးလက်မှတ် ၊ ကားမောင်းလိုင်စင် အပါအဝင် အဖော်အချွတ်ပုံများ ၊ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ အွန်လိုင်းပေါ်တွင် တင်ခြင်းခံခဲ့ရကြောင်း မီဒီယာတစ်ခုက သတင်းထုတ်ပြန်သည်။

 နောက်ပိုင်းတွင် www.JustLeslie.com ဝက်ဆိုဒ်သည် offline ဖြစ်သွားခဲ့သည်။ ဂျုံးစ်၏ဝက်ဆိုဒ်ပေါ်တွင် တင်ထားသော ဓာတ်ပုံများထဲတွင် မေလက သုံးနှစ်အရွယ်   ယောင်္ကျားလေးတစ်ဦး   ဂေါ်ရီလာမျောက်ဝံလှောင်အိမ်အတွင်းသို့ ကျရောက်ခဲ့ပြီးနောက်  Cincinnati တိရစ္ဆာန်ရုံက  Harambe ဂေါ်ရီလာမျောက်ဝံကို သတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်လည်း ပါဝင်သည်။

အသက် ၄၈ နှစ်အရွယ်ရှိ  လက်စ်လီဂျုံးစ်အကြောင်းသည် ဟက်ကာတိုက်ခိုက်ခံရပြီးနောက် သြဂုတ် ၂၄ရက်က လူမှုရေးမီဒီယာတွင်  လူပြောများသည့်အကြောင်းအရာတစ်ခုဖြစ်လာသည်။

ဂျုံးစ်သည် လက်ရှိအချိန်တွင်  “ Saturday Night Live” ရုပ်မြင်သံကြားအစီစဉ်တွင် ပါဝင်သရုပ်ဆောင်လျက်ရှိပြီး “ Workaholics” နှင့် “ The Blacklist” ဇာတ်ကားတို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly