“ Scarlet Heart: Ryeo” ဇာတ်ကား စျေးအကြီးဆုံး ဒရမ်မာဇာတ်ကားဖြစ်လာ

“ Scarlet Heart: Ryeo” ဇာတ်ကား စျေးအကြီးဆုံး ဒရမ်မာဇာတ်ကားဖြစ်လာ

ဆိုးလ်၊ သြဂုတ် ၂၅ ။              ။ တောင်ကိုရီးယားဒရမ်မာဇာတ်ကား “ Scarlet Heart : Ryeo” သည်  ရောင်းချရသမျှ ဒရမ်မာဇာတ်ကားများတွင် ဈေးအကြီးဆုံးဒရမ်မာ ဇာတ်ကားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း နှင့် လူကြိုက်များသော ဒရမ်မာဇာတ်ကား “ Descendants of the Sun” ဇာတ်ကားကိုကျော်လွန်ကာ ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

“ Scarlet Heart : Ryeo” ဇာတ်ကားတွင် မင်းသား လီဂျွန်ဂီ နှင့် အဆိုတော်  IU တို့  ပါဝင်သရုပ်ဆောင်ထားသည်။ကိုရီးယား ဒရမ်မာဇာတ်ကားများသည် အာရှတိုက်တစ်ဝန်းတွင် လူကြိုက်များလျက်ရှိပြီး လူကြိုက်များမှုနှင့်အတူ ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။

“ Descendants of the Sun” ဇာတ်ကားသည် အပိုင်းတစ်ပိုင်းလျှင် အမေရိကန်ဒေါ်လာ ၂၅၀ ၀၀၀ ဖြင့် ရောင်းချခဲ့ရပြီး အပိုင်း ၁၆ပိုင်းအတွက် ထုတ်လုပ်ရေးကုမ္ပဏီများသည် အမေရိကန်ဒေါ်လာ ၄သန်း ရရှိခဲ့သည်။

“ Uncontrollably Fond” ဇာတ်ကားသည် အပိုင်းတစ်ပိုင်းလျှင် အမေရိကန်ဒေါ်လာ ၂၅၀ ၀၀၀ ဖြင့် ရောင်းချခဲ့ပြီး အပိုင်း၂၀ပါဝင်သော ယင်းဇာတ်ကားအတွက် ထုတ်လုပ်ရေးကုမ္ပဏီများသည် အမေရိကန်ဒေါ်လာ ၅သန်း၇ရှိခဲ့သည်။

ယင်းဒရမ်မာဇာတ်ကားများသည် ရောင်းချမှုစံချိန်ကိုချိုးဖောက်ခဲ့သော်ငြားလည်း  SBS ရုပ်သံ၏ ဒရမ်မာဇာတ်ကား “ Scarlet Heart: Ryeo” ရောင်းချရမှုသည်  သိသိသာသာ မြင့်တက်ခဲ့သည်။

“ Scarlet Heart: Ryeo” ဇာတ်ကား အပိုင်းတစ်ပိုင်းလျှင် အမေရိကန်ဒေါ်လာ ၄၀၀ ၀၀၀ကျော်ဖြင့် တရုတ်ရုပ်မြင်သံကြားဌာန  YouKu သို့ ရောင်းချခဲ့ကြောင်း နှင့် အပိုင်းအားလုံးအတွက် အမေရိကန်ဒေါ်လာ ၈သန်းရရှိသည်။

ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD) ဖြန့်ချမှုနှင့်စပ်လျဉ်း၍  ကိုရီးယား နှင့် တရုတ်နိုင်ငံတို့အကြား နိုင်ငံရေးတင်းမာမှုများ မဖြစ်ခဲ့လျှင် ဇာတ်ကားအပိုင်းတစ်ပိုင်းလျှင် ယခုထက်ပိုများသော ဈေးရရှိနိုင်ကြောင်း ထုတ်လုပ်ရေးအဖွဲ့က ပြောကြားသည်။

“ Scarlet Heart: Ryeo”  ဒရမ်မာဇာတ်ကားကို  သြဂုတ် ၂၉ရက်တွင် SBS ရုပ်သံမှ ပွဲဦးထွက် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly