“ One Last Time” တေးသီချင်းနဲ့ပတ်သက်လို့ အာရီအာနာဂရန်းဒ် မူပိုင်ခွင့်ချိုးဖျက်မှုဖြင့် တရားစွဲဆိုခံရ

“ One Last Time” တေးသီချင်းနဲ့ပတ်သက်လို့ အာရီအာနာဂရန်းဒ် မူပိုင်ခွင့်ချိုးဖျက်မှုဖြင့် တရားစွဲဆိုခံရ

နယူးယော့ခ်၊ သြဂုတ် ၂၅ ။           ။ အမေရိကန်အဆိုတော်  အာရီအာနာဂရန်းဒ်သည် လွန်ခဲ့သည့်နှစ်နှစ်က ထွက်ရှိခဲ့သည့် ၎င်း၏ “ One Last Time” တေးသီချင်းနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ချိုးဖျက်မှုဖြင့် အမေရိကန်တရားရုံးတွင် တရားစွဲဆိုခံထားရသည်။

သီချင်းရေးဆရာ အဲလက်ဇ်ဂရက်စ်က  အရီအာနာဂရန်းဒ်၏ “ One Last Time” တေးသီချင်းသည် အဆိုတော် စကိုင်းစတီဗင်အတွက် ၎င်းရေးစပ်ပေးထားသော  “ Takes All Night” တေးသီချင်း သံစဉ်များနှင့်တူညီကြောင်း ပြောကြားခဲ့သည်။

အဲလက်စ်ဂရက်စ်က အာရီအာနာဂရန်းဒ်သည် “ take(s) [or taking] you home” ကဲ့သို့သာ တေးသီချင်းစာသားများအပြင် ၎င်း၏တေးသီချင်းကိုပါ ကူးယူခဲ့ကြောင်း ပြောကြားခဲ့သည်ဟု  TMZ သတင်းဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။

ဒေးဗစ်ဂစ်တာ ၊ ဆာဗန်ကိုတေးချား ၊ ဂျော်ဂျီအို တူအင်ဖို့ထ် ၊ ရာမီယာကပ် နှင့် ကာလ်ဖော့ခ် တို့ ရေးသားပေးထားသော အသက် ၂၃ နှစ်အရွယ် အာရီအာနာဂရန်းဒ်၏  တေးသီချင်း “ One Last Time”  အကျိုးအမြတ်ခွဲေ၀ ရယူရေးအတွက် အဲလက်ဇ်ဂရက်စ်က တရားစွဲဆိုထားသည်။

အဲလ်ဇ်ဂရက်စ်သည် လေဒီဂါဂါ ၊ ဂျက်စတင်တင်းဘာလိတ်ခ် နှင့် မိုက်ကယ်ဂျက်ဆင်ကဲ့သို့သော နာမည်ကြီးအဆိုတော်များအတွက် သီချင်းရေးစပ်ပေးသူတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly