ဂျေလိုနဲ့ ကက်စ်ပါစမက်တို့ လမ်းခွဲလိုက်ပြီ

ဂျေလိုနဲ့ ကက်စ်ပါစမက်တို့ လမ်းခွဲလိုက်ပြီ

နယူးယော့ခ်၊ သြဂုတ် ၂၅ ။              ။ ကမ္ဘာကျော်အဆိုတော်  သရုပ်ဆောင်မင်းသမီး ဂျေလို နှင့် ကာလရှည်တွဲလာသော ချစ်သူ ကက်စ်ပါစမက်တို့နှစ်ဦးသည် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းအရင်းမြစ်တစ်ခုက  People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

“ဂျေလိုနဲ့ ကက်စ်ပါစမက်တို့နှစ်ဦးဟာ လမ်းခွဲလိုက်ပါပြီ။ သူတို့နှစ်ဦး အတူရှိမနေတာ သီတင်းပတ်အနည်းငယ်ကြာပါပြီ။ သူတို့တွေဟာ မိတ်ဆွေတွေအဖြစ် ဆက်လက်ရှိနေမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ရှိထားကြတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ အတူရှိနေမှာမဟုတ်ပါဘူး။”ဟု သတင်းအရင်းမြစ်တစ်ခုက   ပြောကြားခဲ့သည်။

စမက်၏ ကိုယ်စားလှယ်သည် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ထင်မြင်ချက်ပြောကြားခြင်းမရှိသလို ဂျေလို၏ ကိုယ်စားလှယ်သည်လည်း  ထင်မြင်ချက်ပြောကြားခြင်း မရှိသေးပေ။

ဂျေလို နှင့် စမက်စ်တို့၏ အချစ်ဇာတ်လမ်းနှင့် ပတ်သက်၍  ၂၀၁၁ ခုနှစ်နှောင်းပိုင်းက ကောလဟာလများ ပထမဆုံးအကြိမ် ထွက်လာခဲ့သော်လည်း အသက် ၄၇နှစ်အရွယ်ရှိ ဂျေလို နှင့် အသက်၂၉နှစ်အရွယ်ရှိ စမက်စ်တို့ သည် ၂၀၁၂ ခုနှစ် ဇူလိုင်လက ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးနှင့် စပ်လျဉ်း၍ အတည်ပြုပြောကြားခဲ့သည်။

ဇူလိုင် ၂၄ရက်က  လက်စ်ဗီးဂက်စ်မြို့တွင် ကျင်းပပြုလုပ်သော ဂျေလို၏မွေးနေ့ ပါတီပွဲတွင် ဂျေလို နှင့်ကက်စပါစမက်တို့ နှစ်ဦးကို အတူတွေ့ရှိခဲ့သည်။ စမက်သည်  သြဂုတ် ၁၃ရက်က ကျင်းပပြုလုပ်သော  ဂျေလို၏ နာမည်ကျော် Caesar’s Palace ဖျော်ဖြေပွဲကို ကက်စပါစမက်စ်သည်  ဂျေလို၏ ခင်ပွန်းဟောင်း မက်စ်အန်သိုနီ နှင့် မက်စ်အန်သိုနီ၏ ရည်စားဖြစ်သူ မော်ဒယ် ရှန်နွန်ဒီလီမာတို့နှင့် အတူ တတ်ရောက်ခဲ့သည်။

ဂျေလိုသည် ခင်ပွန်းဟောင်းဖြစ်သူ မက်စ်အန်သိုနီ နှင့် အသက်ရှစ်နှစ်အရွယ် အမြွှာနှစ်ယောက် ထွန်းကားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly