လူဝီိစီးယားနားရေဘေးသင့် ပြည်သူများအတွက် ရန်ပုံငွေတိုးမြှင့်ရန် ဘရစ်တနီစပီယား VMA ၀တ်စုံ လေလံတင်ရောင်းချသွားမည်

လူဝီိစီးယားနားရေဘေးသင့် ပြည်သူများအတွက် ရန်ပုံငွေတိုးမြှင့်ရန် ဘရစ်တနီစပီယား VMA ၀တ်စုံ လေလံတင်ရောင်းချသွားမည်

 လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၂၄ ။            ။ ကမ္ဘာကျော် အဆိုတော် ဘရစ်တနီစပီးယားသည် မကြာသေးမီက ရေဘေးဒဏ်ခံစားခဲ့ရသော ၎င်း၏ မွေးရပ်မြေ လူဝီစီးယားနားပြည်နယ်ရှိ   ရေဘေးသင့်ပြည်သူများအတွက် ငွေကြေးရန်ပုံငွေ မြှင်တင်ရန် အမေရိကန်ကြက်ခြေနီအဖွဲ့ နှင့်  CrowdRise ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဘရစ်တနီစပီးယားက အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ဒေါ်လာ လှူဒါန်းသည့် မည်သူမဆို ဆုနှစ်ဆုကို ရယူနိုင်မည့် အခွင့်ရေးရှိကြောင်း   ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကြေညာခဲ့သည်။

ဆုနှစ်ဆုအနက် ဆုတစ်ဆုကို ဆွတ်ခူးသူသည် နယူးယော့ခ်မြို့သို့ အလည်ပတ် လက်မှတ်နှစ်စောင် နှင့် သြဂုတ် ၂၈ရက်တွင် ကျင်းပပြုလုပ်မည့်  MTV တေးဂီတဗီဒီယိုဆုပေးပွဲ တတ်ရောက်ခွင့် လက်မှတ်နှစ်စောင်ကို ရရှိမည်ဖြစ်သည့်အပြင် ဘရစ်တနီစပီးယားနှင့် တွေ့ဆုံခွင့်လည်းရရှိမည်ဖြစ်သည်။

အခြားဆုတစ်ဆုသည်  ဘရစ်တနီစပီးယား အမှတ်တရလက်မှတ်ရေးထိုးသော ဓာတ်ပုံ နှင့်အတူ   VMA တေးဂီတဗီဒီယိုဆုပေးပွဲတွင် ဘရစ်တနီစပီးယား ဝတ်ဆင်သော ဝတ်စုံကိုပိုင်ဆိုင် ရရှိမည်ဖြစ်သည်။ လူးဝစ်စီးယားနားပြည်နယ်တွင် ရေကြီးမှုကြောင့် လူ၁၃ဦးထက် မနည်းသေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly