နှစ်နှစ်ဆက်တိုက် ကြေးအမြင့်ဆုံးရရှိသည့် ဟောလိ၀ုဒ် မင်းသမီးဖြစ်လာတဲ့ ဂျနီဖာလော်ရင့်စ်

နှစ်နှစ်ဆက်တိုက် ကြေးအမြင့်ဆုံးရရှိသည့် ဟောလိ၀ုဒ် မင်းသမီးဖြစ်လာတဲ့ ဂျနီဖာလော်ရင့်စ်

နယူးယော့ခ်၊ သြဂုတ် ၂၄ ။            ။ ဟောလိဝုဒ်မင်းသမီး ဂျနီဖာလော်ရင့်စ်သည် အမေရိကန်ဒေါ်လာ ၄၆ သန်းဖြင့် Forbes မဂ္ဂဇင်း၏ကမ္ဘာ့ကြေးအမြင့်ဆုံးရရှိသည့် သရုပ်ဆောင်မင်းသမီး စာရင်းတွင် နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိ လော်ရင့်စ်သည်  “ Hunger Games” ရုပ်ရှင်ကားဖြင့် ဝင်ငွေအများဆုံးရရှိခဲ့ပြီး ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း မကြာမီထုတ်လွှင့်ပြသမည့် စွန့်စားမှုရုပ်ရှင်ကား“ Passengers”  အတွက် ကြိုတင်ပေးသွင်းသော ငွေကြေးအမြောက်အမြားရရှိခဲ့ကြောင်း  Forbes မဂ္ဂဇင်းက ပြောကြားသည်။

ဂျနီဖာလော်ရင့်စ်၏ ၂၀၁၆ ခုနှစ် ရရှိသော ဝင်ငွေသည် ၂၀၁၅ ခုနှစ်က ရရှိသော ဝင်ငွေထက် ၁၁ဒသမ၅ သန်း ကျဆင်းခဲ့ကြောင်း နှင့် ဂျနီဖာလော်ရင့်စ်သည် ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၂သန်းရရှိခဲ့သည်။

မီလစ်ဆာမက်စ်ကာသီသည်  အမေရိကန်ဒေါ်လာ ၃၃သန်းဖြင့်  နံပါတ် နှစ်နေရာတွင် ရပ်တည်နေပြီး ၂၀၁၅ ခုနှစ်က ရရှိခဲ့သော ဝင်ငွေထက် အမေရိကန်ဒေါ်လာ ၁၀သန်း မြင့်တတ်ခဲ့သည်။စကားလက်ဂျိုဟန်ဆန်သည် အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် နံပါတ် သုံးနေရာတွင် ရပ်တည်နေပြီး ၂၀၁၅ ခုနှစ်ကထက် ၃၀ရာခိုင်နှုန်းလျော့ကျခဲ့သည်။

ဂျနီဖာအန်နစ္စတန်သည် အမေရိကန်ဒေါ်လာ ၂၁သန်းဖြင့် နံပါတ်လေးနေရာတွင် ရပ်တည်နေပြီး တရုတ်မင်းသမီး ဖန်ပင်းပင်းသည် အမေရိကန်ဒေါ်လာ ၁၇ သန်းဖြင့် နံပါတ် ငါးနေရာတွင် ရပ်တည်နေသည်။

Forbes မဂ္ဂဇင်းသည် ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရရှိသည့် သရုပ်ဆောင်မင်းသားစာရင်းကို သြဂုတ် ၂၅ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ရောဘက်ဒေါင်နေးဂျူနီယာသည် အမေရိကန်ဒေါ်လာ သန်း ၈၀ ဖြင့် ကြေးအမြင့်ဆုံးရရှိသည့် မင်းသားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly