“ Star Show 360”အစီစဉ် ပထမပိုင်းတွင် EXO အဖွဲ့ ပါ၀င်သရုပ်ဆောင်သွားမည်

“ Star Show 360”အစီစဉ် ပထမပိုင်းတွင် EXO အဖွဲ့ ပါ၀င်သရုပ်ဆောင်သွားမည်

ဆိုးလ်၊ သြဂုတ် ၂၃ ။            ။ ကေပေါ့အမျိုးသားအဆိုတော်အဖွဲ့  EXO အဖွဲ့သည် MBC Every1 ရုပ်သံ၏ “ Star Show 360” အစီစဉ်ပထမပိုင်းတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်သော ကီအပါအဝင်  EXO အဖွဲ့ဝင်အားလုံးသည် ယင်းအစီစဉ်တွင် ပါဝင်သွားမည်ဖြစ်ကြောင်း  S.M  အင်တာတိန်းမန့်က သြဂုတ် ၂၃ရက်တွင် ကြေညာခဲ့သည်။

ကီသည် မကြာသေးမီက  EXO အဖွဲ့၏ “ LOTTO” တေးအယ်လ်ဘမ် အရောင်းမြှင့်တင်ရေး  အစီစဉ်တွင် ပါဝင်ခဲ့ခြင်းကြောင့် ပရိတ်သတ်များက မကြာမီ၎င်း၏ ပါဝင်သရုပ်ဆောင်မှုကို   မျှော်လင့်နေကြသည်။

“  ထိပ်တန်းကြယ်ပွင့်တွေကို ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်စေခြင်းက အစီစဉ်ပထမပိုင်းအတွက် တစ်ကယ် အရေးပါတယ်လို့ကျွန်တေ်ာတို့ ခံစားရပါတယ်။ဒါကြောင့်လည်း ကျွန်တော်တို့ EXO အဖွဲ့အပေါ် ကြိုးစားအားထုတ်မှုတွေ ပုံအပ်ထားခဲ့တာပါ”ဟု အစီစဉ် ထုတ်လုပ်သူ ပက်ချန်ဝုခ်က ပြောကြားသည်။

ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အစီစဉ်တင်ဆက်သူလည်းဖြစ်သူ တက်ခ်ဂျီဟွန်း နှင့်  Super Junior အဖွဲ့ဝင်  Leeteuk တို့သည် အဆိုပါ အစီစဉ်အတွက် အစီစဉ်မှူးများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ရက်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags