“ Ben- Hur” ရုပ်ရှင်ကား အမေရိကန် ရုံတင်ပြသငွေ စာရင်းတွင် ပွဲဦးထွက်မလှခဲ့

“ Ben- Hur” ရုပ်ရှင်ကား အမေရိကန် ရုံတင်ပြသငွေ စာရင်းတွင် ပွဲဦးထွက်မလှခဲ့

နယူးယော့ခ်၊ သြဂုတ် ၂၃ ။           ။ ငွေကြေး အများအပြားသုံးစွဲကာ ပြန်လည် ရိုက်ကူးထားသော  “ Ben- Hur” ရုပ်ရှင်ကားသည် အမေရိကန် ရုံတင်ပြသငွေစာရင်းတွင် ပွဲဦးထွက် နံပါတ် ၅ နေရာမှ ရပ်တည်ခဲ့ပြီး  အားရကျေနပ်မှုမရှိခြင်းဖြင့် စတင်ခဲ့သည်။

အမေရိကန်ဒေါ်လာ သန်းတစ်ရာ ( စတာလင်ပေါင် ၇၇သန်း) ဖြင့် အကုန်ကျခံ ရိုက်ကူးခဲ့သော အဆိုပါ ရုပ်ရှင်ကားသည် သီတင်းပတ်ကုန်က  အဖွင့်ပြသစဉ်  အမေရိကန်ဒေါ်လာ ၁၁ဒသမ၄သန်း ( စတာလင်ပေါင် ၈ဒသမရသန်း) ရရှိခဲ့သည်။

“ Suicide Squad” ရုပ်ရှင်ကားသည် ဝေဖန်ရေးသမားများ၏  ပြစ်တင်ဝေဖန်မှုများ ရှိသော်လည်း အမေရိကန်ဒေါ်လာ ၂၀ဒသမ၇သန်း ရရှိကာ သီတင်းပတ ်သုံးပတ်ဆက်တိုက်  နံပါတ်တစ်နေရာမှ ရပ်တည်နေသည်။

အန်တီမေးရှင်း ဟာသရုပ်ရှင်ကား “ Sausage Party” သည် အမေရိကန်ဒေါ်လာ ၁၅ဒသမ၃သန်းဖြင့် နံပါတ်နှစ်နေရာကို ရယူထားဆဲဖြစ်သည်။ “ War Dogs” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၁၄ဒသမ၃ သန်းဖြင့် နံပါတ် သုံးနေရာတွင် ရပ်တည်နေသည်။

“ Kubo and the Two Strings” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၁၂ဒသမ၆ သန်းဖြင့် နံပါတ်လေးနေရာတွင် ရပ်တည်နေပြီး “ Ben Hur” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၁၁ဒသမ၄ သန်းဖြင့် နံပါတ်ငါးနေရာတွင် ရပ်တည်နေသည်။

“ Ben-Hur” ရုပ်ရှင်ကားသည် ၁၈၈၀ ခုနှစ်က ထုတ်ဝေခဲ့သော လောဝဲလ်လက်စ်၏ ဝတ္ထူ “ Ben-Hur : A Tale of the Christ” ကို ရိုက်ကူးထားသော ပဉ္စမမြောက် ရုပ်ရှင်ဖြစ်သည်။ ၁၉၀၇ ခုနှစ်က အသံတိတ်ရုပ်ရှင်အဖြစ် ပထမဆုံးအကြိမ် ရိုက်ကူးခဲ့ ထုတ်လွှင့်ပြသခဲ့ပြီး ၁၉၂၅ ခုနှစ်က ထပ်မံရိုက်ကူးခဲ့သည်။

၁၉၅၉ ခုနှစ်က  စကားပြောခန်းများပါဝင်သော ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြင်ဆင်ရိုက်ကူး ထုတ်လွှင့်ပြသခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အန်နီမေးရှင်း ရုပ်ရှင်ကားအဖြစ် ထုတ်လွှင့်ပြသခဲ့သည်။

ယခု “ Ben-Hur” ရုပ်ရှင်ကားသစ်တွင်   မိုဂန်ဖရီမန်း ၊ ရိုဒရီဂိုဆန်တိုရိုတို့နှင့်အတူ ဂျက်ဟူစတန်က သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags