ခရစ္စတီးနား ရော်နဒိုနှင့်အတူ ဘောလုံးပွဲရုပ်ရှင်ကားတွင် ပါ၀င်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ ဂျက်စတင်ဘီဘာ

ခရစ္စတီးနား ရော်နဒိုနှင့်အတူ ဘောလုံးပွဲရုပ်ရှင်ကားတွင် ပါ၀င်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ ဂျက်စတင်ဘီဘာ

နယူးယော့ခ်၊ သြဂုတ် ၂၃ ။               ။ ဆယ်ကျော်သက်မိန်းကလေးများ အသည်းစွဲအဆိုတော် ဂျက်စတင်ဘီဘာက  “Goal!” ဟုအမည်ပေးထားသော ဘောလုံးပွဲရုပ်ရှင်ကားတွင်   ဘောလုံးအကျော်အမော် ခရစ္စတီးနားရော်နယ်ဒိုနှင့်အတူ ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဂျက်စတင်ဘီဘာသည် ယခင်က  “Zoolander 2” ရုပ်ရှင်ကားတွင် ဧည့်သည့် သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီးနောက်   “Goal! “ရုပ်ရှင်ကားသည် ဂျက်စတင်ဘီဘာ၏ ပထမဆုံး သရုပ်ဆောင်မည့် ဇာတ်ကားဖြစ်သည်။

ဂျက်စတင်ဘီဘာသည်  ကမ္ဘာ့နာမည်ကြီး ကလပ်အသင်းတွင်  နေ့ချင်းညချင်း အောင်မြင်ကျော်ကြားလာသော  လော့စ်အိန်ဂျလိစ်မှ လူငယ် ကစားသမားအဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

“ ဒါဟာ ဂျက်စတင်ဘီဘာအတွက် ကြီးမားတဲ့ အခွင့်ရေးတစ်ခုဖြစ်တယ်။ ဂျက်စတင်ရဲ့ ပရိတ်သတ်တွေ နဲ့ ရော်နယ်ဒိုရဲ့ ပရိသတ်တွေ အကုန်လုံး ရုပ်ရှင်ရုံကို လာခဲ့မယ်ဆိုရင် ဒီရုပ်ရှင်ကားဟာ ၂၀၁၇ ခုနစ်ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတစ်ကားဖြစ်လာနိုင်တယ်။”ဟု သတင်းအရင်းမြစ်တစ်ခုက The Mirror သတင်းစာကို ပြောကြားခဲ့သည်။

ရုပ်ရှင်ကား  ကြိုတင်ထုတ်လုပ်မှုအဆင့်များကို ကောင်းစွာလုပ်ဆောင်ခဲ့ပြီဖြစ်ပြီး ထုတ်လုပ်သူများသည် လာမည့်သီတင်းပတ်တွင် ဂျက်စတင်ဘီဘာ လက်မှတ်ရေးထိုးမည်ဟု  မျှော်လင့်ထားကြသည်။ ရုပ်ရှင်ကားရိုက်ကူးရေးအတွက်  စတာလင်ပေါင် သန်းတစ်ရာခန့် ကုန်ကျမည်ဟု ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly