မင်းသား ပက်ခ်ဘိုဂွမ်၏ ပရိသတ်များ အာဖရိကသို့ ဆိုလာမီးအိမ်များ လှူဒါန်း

မင်းသား ပက်ခ်ဘိုဂွမ်၏ ပရိသတ်များ အာဖရိကသို့ ဆိုလာမီးအိမ်များ လှူဒါန်း

ဆိုးလ်၊ သြဂုတ် ၂၂ ။                 ။ တောင်ကိုရီးယား မင်းသား ပက်ခ်ဘိုဂွမ်၏ ပရိသတ်များအဖွဲ့သည်  မင်းသားပက်ခ်ဘိုဂွမ်၏ နာမည်ဖြင့် အာဖရိကသို့ ဆိုလာမီးအိမ်များ လှူဒါန်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Bogum Ilbo ဟု အမည်ပေးထားသော ပက်ခ်ဘိုဂွမ်၏ ပရိတ်သတ်အဖွဲ့က ခရစ်ယာန် ကယ်ဆယ်ရေးအဖွဲ့  Worldshare အဖွဲ့မှ တစ်ဆင့်  လျှပ်စစ်မီးရှားပါးသော အာဖရိကနိုင်ငံသို့များသို့ ဆိုလာမီးအိမ်များကို လှူဒါန်းခဲ့ကြောင်း သြဂုတ် ၂၂ရက်က ပြောကြားခဲ့သည်။ ဆိုလာမီးအိမ်များသည် လျှပ်စစ်မီးပြတ်လပ်သော အာဖရိကနိုင်ငံများအတွက်  အသုံးဝင်သည်။

ယခုနှစ်အစောပိုင်းက ပက်ခ်ဘိုဂွမ်၏ ပရိသတ်များအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံတွင်  ရေတွင်းတစ်တွင်းတည်ဆောက်ပေးခဲ့ပြီး တရုတ်နိုင်ငံသို့ ထိုင်ခုံ နှင့် စားပွဲများ လှူဒါန်းခဲ့သည်။ပက်ခ်သည်  tvN ရုပ်သံ၏  ပရိသတ်များ၏ အားပေးမှုကိုရရှိခဲ့သော “ Reply 1988”  ဇာတ်ကားဖြင့်  အောြင်မင်မှုရရှိခဲ့သည်။ ပက်ခ်၏  အစီစဉ်သစ် “ Love in the Moonlight”ကို သြဂုတ် ၂၂ရက်ညတွင် ပွဲဦးထွက် ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly