ရုရှ ရုပ်မြင်သံကြားအစီစဉ်တွင် ပါ၀င်ပေးဖို့အတွက် ဂျက်လေယာဉ်တစ်စင်း ၊ တိုက်ခန်းတစ်ခန်း နဲ့ သမ္မတ ပူတင်နဲ့ တွေ့ဆုံခွင့်ကို တောင်းဆိုခဲ့တဲ့ လင်ဆေးလိုဟန်

ရုရှ ရုပ်မြင်သံကြားအစီစဉ်တွင် ပါ၀င်ပေးဖို့အတွက် ဂျက်လေယာဉ်တစ်စင်း ၊ တိုက်ခန်းတစ်ခန်း နဲ့ သမ္မတ ပူတင်နဲ့ တွေ့ဆုံခွင့်ကို တောင်းဆိုခဲ့တဲ့ လင်ဆေးလိုဟန်

နယူးယော့ခ်၊ သြဂုတ် ၂၂ ။              ။ Pust govoryat ဟုအမည်ရသော ရုရှနိုင်ငံ၏ လူကြိုက်အများဆုံး အစီစဉ်က  ဟောလိဝုဒ် မင်းသမီး လင်ဆေးလိုဟန်ကို  မကြာသေးမီက ၎င်းနှင့်စေ့စပ်ထားသူ အီဂေါသရာဘာဆိုဗ် နှင့် လမ်းခွဲခဲ့သည့်အကြောင်းနှင့် စပ်လျဉ်း၍  တွေ့ဆုံမေးမြန်းမှုများ လုပ်ဆောင်ပေးရန် ကမ်းလှမ်းခဲ့သည်။

အသက် ၃၀ နှစ်အရွယ်ရှိ လင်ဆေးလိုဟန်က အစီစဉ်တွင် ပါဝင်ဆောင်ရွက်လိုပါက လိုက်လျောရမည့် တောင်းဆိုမှုစာရင်းကို   Pust govoryat အစီစဉ်ကို ပေးပို့ခဲ့သည်။ တောင်းဆိုမှုစာရင်းတွင် ရုရှသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံခွင့်  ၊ ဓာတ်ပုံရိုက်ခွင့်များ လည်းပါဝင်သည်။

ထို့အပြင်လင်ဆေးလိုဟန်သည် ဂျက်လေယာဉ်တစ်စင်း ၊ လုံခြုံရေး ၊ တစ်နှစ် သက်တမ်တိုးထားသော ရုရှဗီဇာ ၊ စတာလင်ပေါင် ၅၀၀ ၀၀၀ ၊ ဆံပင် နှင့် မိတ်ကပ်အပြင်အဆင် ၊ လက်သည်းဆိုးဆေးပညာရှင် နှင့်  Ritz-Carlton ဟိုတယ် အခန်းတစ်ခန်းတို့ကိုလည်း လိုချင်ကြောင်း တောင်းဆိုထားသည်။

လင်ဆေးလိုဟန် နှင့် Pust govoryat အစီစဉ်ထုတ်လွှင့်သည့် ရုပ်သံဌာနတို့သည် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိပြီး ၎င်း၏တောင်းဆိုမှု အချို့ကို ဖြည့်ဆည်းပေးခဲ့ပြီဖြစ်ကြောင်း TMZ သတင်းဌာနက ပြောကြားသည်။

လင်ဆေးလိုဟန်၏ ရည်းစားဟောင်း အီဂေါသရာဘာဆိုဗ်သည် ရုရှစီးပွားရေးလုပ်ငန်းရှင် ဒီမီထရီသရာဘာဆိုဗ်၏ သားဖြစ်ပြီး ဗြိတိန် အိမ်ခြံမြေအေဂျင်စီ  Home House Estates ပိုင်ရှင်တစ်ဦးဖြစ်ပြီး မော်စကို၏  Ivyဘဏ် ရှယ်ယာရှင်တစ်ဦးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly