စတီဗ်အိုကီ ဖျော်ဖြေပွဲတွင် မျက်နှာကြက်ပြိုကျ ၁၅ ဦးဒဏ်ရာရရှိ

စတီဗ်အိုကီ ဖျော်ဖြေပွဲတွင် မျက်နှာကြက်ပြိုကျ ၁၅ ဦးဒဏ်ရာရရှိ

နယူးယော့ခ်၊ သြဂုတ် ၂၂ ။                ။ နော်ဝေးနိုင်ငံ မြို့တော် အော်စလိုမြို့တွင် ကျင်းပပြုလုပ်သော  အမေရိကန်ဒီဂျေသမား စတီဗ်အိုကီ၏ ဖျော်ဖြေပွဲတွင်  မျက်နှာကြက်ပြိုကျမှုဖြစ်ပွားခဲ့ရာ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများသည် ဆေးကုသမှုများကို ခံယူလျက်ရှိပြီး တစ်ဦးတစ်ယောက်မျှ ဒဏ်ရာပြင်းထန်စွာ မရရှိကြောင်း အော်စလိုရဲတပ်ဖွဲ့က ပြောကြားသည်။

Sentrum Scene တွင်ကျင်းပပြုလုပ်သော အမေရိကန် ဒီဂျေသမား စတီဗ်အိုကီ၏ ဖျေ်ာဖြေပွဲတွင် မျက်နှာကြက် ပြိုကျမှု ဖြစ်ပွားခဲ့သည့် အချိန်က ကျောင်သားကျောင်းသူ ၁၈၀၀ခန့် တတ်ရောက်ခဲ့ကြကြောင်း  အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အဆောက်အအုံကို အစောင့်အကြပ်များဖြင့် ဝန်းရံပိတ်ဆို့ ခဲ့ပြီး မီးသတ်သမားများသည် အဆောက်အအုံတွင် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြသည်။ ဖျော်ဖြေပွဲလာကြည့်သူများ အားလုံး ဖရိုဖရဲဖြစ်ခဲ့ရကြောင်း ကျောင်းသားတစ်ဦးက နော်ဝေးနိုင်ငံ၏  NBT သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

မျက်နှာကြက် ပြိုကျမှုဖြစ်ပွားခဲ့မှုကြောင့်  ဝမ်းနည်း တုန်လှုပ်မိကြောင်း အိုကီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly