Black Pink အဖွဲ့၏ တေးဂီတ ဗီဒီယိုများ ကြည့်ရှုသူ သန်း၃၀ကျော်ရှိ

Black Pink အဖွဲ့၏ တေးဂီတ ဗီဒီယိုများ ကြည့်ရှုသူ သန်း၃၀ကျော်ရှိ

ဆိုးလ်၊ သြဂုတ် ၂၀ ။        ။ တောင်ကိုရီးယား ကေပေါ့ပ်အမျိုးသမီးအဆိုတော်အဖွဲ့  Black Pink အဖွဲ့၏ ကျော်ကြားမှုသည် မြင့်တက်လျက်ရှိကြောင်း  ၎င်းတို့အဖွဲ့၏ “ Whistle” နှင့် “ Boombaya”   တေးသီချင်းများသည် ကြည့်ရှုသူ သန်း၃၀ကျော်ရှိခဲ့ကြောင်း သြဂုတ် ၁၉ရက်ကထုတ်ပြန်သော  ပြည်တွင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြဂုတ် ၁၆ရက်က ဘေလ်ဘုတ်၏  World Digital  တေးသီချင်းဇယားတွင်လည်း အောင်မြင်မှုများရရှိထားကြောင်း တေးဂီတလုပ်ငန်းစောင့်ကြည့်သူများက ပြောကြားသည်။

“ Whistle”  နှင့် “Boombaya” တေးသီချင်းသည် တရုတ်နိုင်ငံတွင် အောင်မြင်မှုများရရှိထားပြီး Chinese QQ တေးဂီတ၏ ကေပေါ့ဇယားများတွင် နံပါတ်တစ်နှင့် နံပါတ်နှစ်နေရာတို့တွင် ရပ်တည်လျက်ရှိသည်။

Black Pink အဖွဲ့သည် နိုင်ငံပေါင်း ၁၄နိုင်ငံ၏  iTunes ဇယားများ ၊ အမေရိကန်၏ ဘေလ်ဘုတ်  World Digital  တေးသီချင်းဇယားများ နှင့် ဒေသတွင်း တေးဂီတဇယားများတွင် နံပါတ်တစ်နေရာမှ ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags