SBS ရုပ်သံ၏ ဒရမ်မာ ဇာတ်ကားတွင် ဂျန်ဂျီဟွန်း နှင့် လီမင်ဟိုတို့ ခေါင်းဆောင်နေရာမှ ပါ၀င်သရုပ်ဆောင်လျက်ရှိ

SBS ရုပ်သံ၏ ဒရမ်မာ ဇာတ်ကားတွင် ဂျန်ဂျီဟွန်း နှင့် လီမင်ဟိုတို့ ခေါင်းဆောင်နေရာမှ ပါ၀င်သရုပ်ဆောင်လျက်ရှိ

ဆိုးလ်၊ သြဂုတ် ၂၀ ။        ။ တောင်ကိုရီးယား မင်းသမီး ဂျန်ဂျီဟွန်း နှင့် လီမင်ဟိုတို့သည်  SBS ရုပ်သံ၏ “ Legend of the Blue Sea” ဒရမ်မာဇာတ်ကားတွင် ခေါင်းဆောင်မင်းသား မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဇာတ်ကားရိုက်ကူးမှုကို ချောင်ဘက်ခ်ပြည်နယ် ဂိုဆန်ဒေသတွင် သြဂုတ် ၁၉ရက်က စတင်ခဲ့ကြောင်း နှင့် ဇာတ်လမ်းအကြောင်းကို  ပက်ခ်ဂျီအမ်က ရေးသားခဲ့ပြီး ဒါရိုက်တာ ဂျင်ဟွတ်ခ်က ရိုက်ကူးခဲ့သည်။အဆိုပါ ဇာတ်ကားတွင် မွန်ဆိုရီ ၊ လီဟီဂျွန် ၊ ရှင်ဟေးဆန် ၊ ရှင်ဝမ်ဟို ၊ လီဂျင်ဟွန် နှင့် ပက်ခ်ဟေးဆိုတို့လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

ချောင်ဘက်ခ်ပြည်နယ် ရိုက်ကူးမှု ပြီးဆုံးပြီးနောက် သရုပ်ဆောင်များသည် စက်တင်ဘာလတွင် ပလောင်း နှင့် စပိန်နိုင်ငံတို့သို့ သွားရောက်ရိုက်ကူးသွားမည်ဖြစ်သည်။

“ သြဂုတ် ၁၉ရက်နေ့မှာတော့ ဇာတ်ကားကို  မင်းသမီး ဂျန်ဂျီဟွန်း နဲ့ လီမင်ဟိုတို့နှစ်ဦးရဲ့ သရုပ်ဆောင်မှုနဲ့ စတင်ခဲ့ပါတယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေကို စောင့်ကြည့်ပေးကြပါ”ဟု ရုပ်ရှင်ထုတ်လုပ်ရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

 “ Incarnation of Envy”  ဇာတ်ကား ပြီးနောက် “ Legend of the Blue Sea” ဇာတ်ကားကို နိုဝင်ဘာတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags