ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ၃၀ရာခိုင်နှုန်းပါဝင်နိုင်ရေး ဒေါက်တာတင်မျိုးဝင်း နှင့် အမျိုးသမီးအရေးဆောင်ရွက်သူများ ဆွေးနွေး

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ၃၀ရာခိုင်နှုန်းပါဝင်နိုင်ရေး ဒေါက်တာတင်မျိုးဝင်း နှင့် အမျိုးသမီးအရေးဆောင်ရွက်သူများ ဆွေးနွေး

ရန်ကုန်၊ သြဂုတ် ၁၉ ။                   ။ ငြိမ်းချမ်းဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် အနည်းဆုံး အမျိုးသမီး ၃၀ရာခိုင်နှုန်းပါဝင်နိုင်ရေး အပါဝင် ငြိမ်းချမ်းရေးဖြစ်စဉ်၌ အမျိုးသမီးများ ပါဝင်နိုင်မည့်ကိစ္စများကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း နှင့် ငြိမ်းချမ်းရေးအတွက် ကျား မ တန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) တို့ သြဂုတ် ၁၉ရက်က ဆွေးနွေးခဲ့သည်။

“အမျိုးသမီးတွေ ပါဝင်ခွင့်မရှိတဲ့ ဘယ်ငြိမ်းချမ်းရေးဖြစ်စဉ်မျိုးမဆို တရားဝင်မှုနဲ့ခိုင်မာမှုမရှိဘူးလို့ ပြောလို့ရပါတယ်" ဟု AGIPPမှ ဒေါ်မေစပယ်ဖြူက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် အချက် ၆ချက်ပါဝင်သည့် အိတ်ဖွင့်ပေးစာကို ငြိမ်းချမ်းရေးအတွက် ကျား မ တန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) မှထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်သို့ ပေးအပ်ခဲ့သည်။

ယင်းထုတ်ပြန်စာတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင် အမျိုးသမီးများပါဝင်နိုင်မှု သေချာစေရေး တိကျသောအချက်လက်များ ထည့်သွင်းပေးရန်လည်း တောင်းဆိုထားသည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးပါဝင်နိုင်မှု မှာ ၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း (AGIPP)၏ ညှိနှိုင်းရေးမှူး
ဒေါ်နန်းအေးသန္တာမှပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags