ဗီလိန်ဇာတ်ရုပ်ကို ပထမဆုံးအကြိမ် သရုပ်ဆောင်သွားမယ့် မင်းသား လီဂျောင်ဆွတ်ခ်

ဗီလိန်ဇာတ်ရုပ်ကို ပထမဆုံးအကြိမ် သရုပ်ဆောင်သွားမယ့် မင်းသား လီဂျောင်ဆွတ်ခ်

ဆိုးလ်၊ သြဂုတ် ၁၉ ။         ။ တောင်ကိုရီးယား မင်းသား လီဂျောင်ဆွတ်ခ်သည်  မကြာမီထုတ်လွှင့်ပြသမည့် “ VIP” ရုပ်ရှင်ကားတွင် ဗီလိန်ဇာတ်ရုပ်ကို ပထမဆုံးအကြိမ် သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း  YG အင်တာတိန်းမန့်က သြဂုတ် ၁၉ရက်က ပြောကြားသည်။

“ လီဟာ  VIP ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ လီဟာ ရက်စက်တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်သွားမှာပါ”ဟု အေဂျင်စီက ပြောကြားသည်။လီသည် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် သတ်သော လူသတ်သမားတစ်ဦးဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ အဆင်မြင့်အရာရှိတစ်ဦး၏ သားအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်သည်။

“VIP” ဇာတ်ကားသည်  မြောက် နှင့် တောင်ကိုရီးယား ရဲတပ်ဖွဲ့ ၊ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့တို့အပါအဝင် တစ်ယောက်ပြီးတစ်ယောက်သတ်သော လူသတ်သမားတစ်ဦးအကြောင်းကို ပုံဖော် ရိုက်ကူးမည့် သူလျိုသည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်သည်။

ကိုရီးယားထိပ်တန်း အနုပညာရှင်များဖြစ်သော ဂျောင်ဒေါင်ဂမ် ၊ ကင်မြောင်မင် နှင့် ပက်ဟီဆွန်းတို့လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ပက်ဟွန်ဂျောင်က ရိုက်ကူး သွားမည်ဖြစ်ပြီး ရိုက်ကူးမှုကို ယခုနှစ် ဒုတိယနှစ်ဝက်တွင် စတင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly