ကွာရှင်းခွင့် သဘောတူညီမှုငွေ အမေရိကန်ဒေါ်လာ ရသန်းကို ချို့တဲ့သူများကူညီရေး အဖွဲ့နှစ်ဖွဲ့သို့ လှူ ဒါန်းသွားမည့် အမ်မာဟာ့ဒ်

ကွာရှင်းခွင့် သဘောတူညီမှုငွေ အမေရိကန်ဒေါ်လာ ရသန်းကို ချို့တဲ့သူများကူညီရေး အဖွဲ့နှစ်ဖွဲ့သို့ လှူ ဒါန်းသွားမည့် အမ်မာဟာ့ဒ်

နယူးယော့ခ်၊ သြဂုတ် ၁၉ ။         ။ ဟောလိဝုဒ် မင်းသမီး အမ်မာဟာ့ဒ်သည် ဂျွန်နီဒပ်ဆီမှရရှိသော ကွာရှင်းခွင့်သဘောတူညီမှုငွေ အမေရိကန်ဒေါ်လာ ၇သန်းကို နှိပ်စက်ညှင်းပန်းခံရသော အမျိုးသမီးများ   နှင့် နာမကျန်းဖြစ်နေသော ကလေးငယ်များအတွက် လုပ်ဆောင်ပေးနေသော ချို့တဲ့သူများကူညီစောင့်ရှောက်ရေးအဖွဲ့နှစ်ဖွဲ့သို့ လှူဒါန်းသွားမည်ဖြစ်သည်။

ဟာ့ဒ်သည် ကွာရှင်းခွင့်သဘောတူညီမှုငွေများကို  အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးအဖွဲ့  အမေရိကန်ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့အစည်း (ACLU) နှင့်   လော့စ်အိန်ဂျလိစ် ကလေးဆေးရုံသို့ တစ်ဝက်စီ လှူဒါန်းသွားမည်ဖြစ်သည်။

“ လှူဒါန်းမယ့် ငွေကြေးဟာ နှိပ်စက်ညှင်းပန်းခံ အမျိုးသမီးတွေနဲ့ နာမကျန်းတဲ့ ကလေးတွေကို ကာကွယ်ပေးရာမှာ အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ် ”ဟု အမ်မာဟာ့ဒ်က ပြောကြားသည်။

ဟာ့ဒ်သည် ဂျွန်နီဒပ်နှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက လက်ထပ်ခဲ့ပြီး  ယခုနှစ်မေလက  လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက ကြေညာခဲ့သည်။

ဟာ့ဒ်သည် စကားများရန်ဖြစ်မှုအတွင်း ၎င်းအား မိုးဘိုင်းလ်ဖုန်းဖြင့် ပစ်ပေါက်ခြင်း နှင့် ရိုက်နှက်ခြင်းတို့အတွက် အစောပိုင်းက ဂျွန်နီဒပ်ကို စွဲချက်တင်ခဲ့သည်။ဂျွန်နီဒပ်သည် ယင်းစွပ်စွဲချက်များကို    ငြင်းဆိုခဲ့သည်။အမ်မာဟာ့ဒ်နှင့်ကိုက်တစ်ရာတွင် နေထိုင်ရန် နှင့် ဆက်သွယ်မှုမပြုရန် ဂျွန်နီဒပ်ကို တရားရုံးက အမိန့်ထုတ်ပြန်ခဲ့သည်။

 တရားရုံးကြားနာစစ်ဆေးမှုမတိုင်မီ တစ်ရက်အလိုတွင် ဂျွန်နီဒပ်နှင့် အမ်မာဟာ့ဒ်တို့နှစ်ဦး ကျေအေးမှုရရှိခဲ့ခြင်းဖြစ်ပြီး ဂျွန်နီဒပ်ကို အမ်မာဟာ့ဒ်နှင့် ကိုက်တစ်ရာအကွာတွင် နေထိုင်ရန် နှင့် ဆက်သွယ်မှုမပြုရန် အမိန့်ထုတ်ပြန်ချက်ကို ရုပ်သိမ်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly