နေမကောင်းဖြစ်နေတာကြောင့် အရီဇိုးနားဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့မှုအပေါ် ၀မ်းနည်းမိကြောင်း အဒဲလ်ပြောကြား

နေမကောင်းဖြစ်နေတာကြောင့် အရီဇိုးနားဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့မှုအပေါ် ၀မ်းနည်းမိကြောင်း အဒဲလ်ပြောကြား

လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၁၉ ။            ။ ကမ္ဘာကျော် အဆိုတော် အဒဲလ်သည် နေမကောင်းဖြစ်နေခြင်းကြောင့် အမေရိကတွင် ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲတစ်ပွဲကို ပယ်ဖျက်ခဲ့မှုအပေါ် ပရိတ်သတ်များကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

လက်မှတ်များရောင်းကုန်ခဲ့ပြီဖြစ်သော အဒဲလ်၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ် အစိတ်ပိုင်းတစ်ခုဖြစ်သော ဒုတိယညအဖြစ် အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် ဖျော်ဖြေရမည်ဖြစ်သော်လည်း ကျန်းမာရေးအခြေနေကြောင့် ပယ်ဖျက်ခဲ့ရသည်။

“ ဖီးနစ်မြို့  Talking Stick Resort အားကစားကွင်းမှာ ကျင်းပပြုလုပ်တဲ့ ပထမဆုံးဖျော်ဖြေပွဲညမှာ ကျွန်မ နေမကောင်းဖြစ်နေခဲ့တာပါ။ ကျွန်မ ဖျော်ဖြေပွဲကို ဖျက်သိမ်းရတာ စိတ်မကောင်းပါဘူး။ ကျွန်မ ဖျော်ဖြေချင်ပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ စောင့်ရှောက်ရမယ်”ဟု အဒဲလ်က လူမှုရေးမီဒီယာတွင် တင်ထားသော ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။

“ ကျွန်မ ဖျော်ဖြေပွဲဖျက်လိုက်ရတာ အရမ်းစိတ်မကောင်းပါဘူး။ ကျွန်မ အအေးမိနေတာ နှစ်ရက်လောက်ရှိနေပါပြီ။ မနေ့ကတော့ ကျွန်မဖျော်ဖြေပွဲကို ကျင်းပခဲ့တယ်။”ဟု အဒဲလ်က  အင်စတာဂရမ် နှင့် တွစ်တာတွင် တင်ထားသော ဗီဒီယိုတွင် ပြောကြားထားသည်။

အဒဲလ်က ယခုသီတင်းပတ်ကုန်တွင် လော့စ်အိန်ဂျလိစ်မြို့၌ ဖျော်ဖြေပွဲနှစ်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် ပယ်ဖျက်ခဲ့သော ဖျော်ဖြေပွဲကို ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

“ ကျွန်မ ဒီဖျော်ဖြေပွဲကို ပြန်လည်ကျင်းပပေးသွားမှာပါ။ ကျွန်မကတိပေးပါတယ်။ ကျွန်မ  ပရိတ်သတ်တွေအတွက် ပြန်လည်ဖျော်ဖြေပေးသွားမှာပါ”ဟု အဒဲလ်က ပြောကြားသည်။ အဒဲလ်သည် နိုဝင်ဘာလတွင် မက္ကဆီကိုစီးတီးတွင် ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အဆုံးသတ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags