စက်တင်ဘာလတွင် တစ်ကိုယ်တော်တေးသီချင်း ထွက်ရှိသွားမည်ဟု လေဒီဂါဂါ ကြေညာ

စက်တင်ဘာလတွင် တစ်ကိုယ်တော်တေးသီချင်း ထွက်ရှိသွားမည်ဟု လေဒီဂါဂါ ကြေညာ

နယူးယော့ခ်၊ သြဂုတ် ၁၉ ။             ။ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါသည်  တိုနီဘန်နက်နှင့် “ Cheek To Cheek” တေးအယ်လ်ဘမ် နောက်ဆုံးထွက်ရှိခဲ့ပြီးနောက် နှစ်နှစ်အကြာတွင်   တေးသီချင်းသစ်နှင့်အတူ ဂီတလောကသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။

လေဒီဂါဂါက ၎င်း၏ တေးသီချင်းသစ်ကို “ Perfect lllusion” ဟု အမည်ပေးထားကြောင်း  သြဂုတ်၁၇ရက်က ၎င်း၏ အင်စတာဂရမ် အကောင့်မှတစ်ဆင့် ကြေညာခဲ့သည်။တေးသီချင်းအယ်လ်ဘမ်သစ် ထွက်ရှိမည့်ရက်ကို ယခုအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

လေဒီဂါဂါသည် “ Perfect lllusion” နှင့်ပတ်သက်၍ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိဘဲ စက်တင်ဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်းသာ ပြောကြားခဲ့သည်။

ဂါဂါသည်  ဘရက်ဒ်လေကော့ပါး၏ မကြာမီထုတ်လွှင့်ပြသမည့် ၁၉၃၇ ခုနှစ် ဇာတ်ကားကို ပြန်လည်ရိုက်ကူးမည့် “ A Star is Born” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ လေဒီဂါဂါသည် ယင်းဇာတ်ကားအတွက် တေးသီချင်း ရေးစပ်ပေးသွာမည်ဖြစ်သည်။

ဂါဂါ၏ နောက်ဆုံးထွက်ရှိခဲ့သော တစ်ကိုယ်တော် တေးအယ်လ်ဘမ်သည် “ Artpop” တေးအယ်လ်ဘမ်ဖြစ်ပြီး တေးအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးနေရာကို သုံးကြိမ် ရယူခဲ့သည့် တေးအယ်လ်ဘမ်ဖြစ်သည်။“ Perfect lllusion” တေးသီချင်းသစ်ကို စက်တင်ဘာလတွင် ထွက်ရှိသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags