မြန်မာ့ခရီးသွား အွန်လိုင်းဘွတ်ကင် အသုံးပြုသူ ၁ ရာခိုင်နှုန်းခန့်သာရှိ

မြန်မာ့ခရီးသွား အွန်လိုင်းဘွတ်ကင် အသုံးပြုသူ ၁ ရာခိုင်နှုန်းခန့်သာရှိ

ရန်ကုန်၊ သြဂုတ် ၁၈ ။             ။ အာရှဒေသရှိ ခရီးသွား ၄၀% သည် အွန်လိုင်းဘွတ်ကင်စနစ်ကို အသုံးပြုကြသော်လည်း မြန်မာနိုင်ငံတွင် အသုံးပြုသူ ၁ ရာခိုင်နှုန်းခန့်သာရှိနေကြောင်း Jo va goကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ Mr.Hugo Schleicher ကပြောသည်။

လက်ရှိ အွန်လိုင်း ဘွတ်ကင် ကုမ္ပဏီများဖြစ်သည့် Agoda နှင့် Booking.com ရှိသော်လည်း နိုင်ငံခြားသားများအတွက် အဓိကရည်ရွယ်သည့် ကုမ္ပဏီများဖြစ်ကြောင်း သြဂုတ် ၁၈ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။ 

အဆိုပါ ကုမ္ပဏီများ၌ ဘွတ်ကင်လုပ်မည်ဆိုပါက မာစတာကဒ်၊ ဗီဇာကဒ်များဖြင့် ငွေချေရပြီး မြန်မာနိုင်ငံတွင် အများစုက ထိုကဒ်များကို မသုံးစွဲကြပေ။ 

၎င်းတို့ ကုမ္ပဏီအနေဖြင့် မည်သည့်ကဒ်မှမလိုဘဲ ဘွတ်ကင်လုပ်နိုင်ပြီး ဟိုတယ်ရောက်မှငွေချေရသည့် စနစ်ဖြစ်ကြောင်း Mr.Hugo Schleicher ကပြောသည်။

မြန်မာလူမျိုးအများစု ဖေ့ဘွတ်စ် သုံးတာကြောင့် ဖေ့စ်ဘွတ်၊ ဘလော့နှင့် တခြားနေရာတွေကနေ အွန်လိုင်းဘွတ်ကင်စနစ်ကိုရင်းနှီးစေရန်ကြိုးစားနေကြောင်း ၎င်းကပြောသည်။

အပြင်၌လည်း ကျောင်းများတွင် နည်းပညာအကြောင်း မျှဝေခြင်းကဲ့သို့ ပွဲများလုပ်ပေးခြင်းဖြင့် အွန်လိုင်းဘွတ်ကင်စနစ်ကို သိအောင်လုပ်ပေးနေကြောင်း Mr.Hugo Schleicher မှပြောသည်။

“အင်တာနက်ကိုသုံးပြီး လုပ်လို့ရတဲ့ ဝန်ဆောင်မှုတွေကိုသူတို့သိပ်မသိကြဘူး။ အဲ့တော့ ဒီနည်းလမ်းတွေနဲ့ သူတို့သိအောင်လုပ်တယ်။ ကျွန်တော်တို့နည်းလမ်းတွေအောင်မြင်ပြီး လူသိလာမယ်ဆိုရင် နောင်နှစ်လောက်မှာတော့ ပြည်တွင်းခရီးသွား ၁၀% လောက်ကတော့ အွန်လိုင်းကိုသုံးလာမယ်လို့မျှော်လင့်ထားတယ်" ဟု ၎င်းကဆိုသည်။

Jo va go ကုမ္ပဏီမြန်မာနိုင်ငံအပါဝင် ရုံးခွဲပေါင်း ၁၅ခုဖွင့်လစ်ထားပြီး အာရှနဲ့အာဖရိကနိုင်ငံများ၌ ဟိုတယ်အခန်း နှစ်သောင်းခွဲကျော် နှင့် တစ်ကမ္ဘာလုံးအနေထားအရ ဟိုတယ်ပေါင်း နှစ်သိန်းကျော်နှင့် ချိတ်ဆက်ထားသည်ဟု ဆိုသည်။

နိုင်ငံခြားသားခရီးသွားတွေသာမက၊ ပြည်တွင်းခရီးသွားလုပ်ငန်း အခွင့်အလမ်းတွေပိုမို ပွင့်လန်းလာဖို့ရည်ရွယ်ပြီး ၎င်းတို့ ကုမ္မဏီအနေနဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများရှိ ဟိုတယ်များ နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း Mr.Hugo Schleicherကေ ပြာသည်။

ပြည်တွင်းခရီးသွားများ Booking လုပ်ရာ၌ လွယ်ကူစေရန်အတွက်လည်း မိုဘိုင်း အပလီကေးရှင်းသာမက ဝဘ်ဆိုက်စာမျက်နှာများတွင်ပါ မြန်မာဘာသာအသုံးပြုထားကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

Jo va go ကုမ္မဏီသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာပြည်သို့တွင်စတင် ဝင်ရောက်ခဲ့ပြီး Ooredoo၊ Rocket Internet စသည့် ကုမ္ပဏီများနှင့် ပူးပေါင်းထားသည့် Asia Pacific Internet Group (APACIG) မှ တည်ထောင်ထားခြင်းဖြစ်သည်။

အွန်လိုင်းဘွတ်ကင်စနစ် သတင်းစာရှင်းလင်းပွဲကို  Jo va go နှင့် မန်တလာမင်း တို့ပူးပေါင်းကျင်းပ ခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly