ကိုရီးယား အနုပညာရှင်များ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသော်လည်း တရုတ်နိုင်ငံတွင် ဆောင်းဂျွန်ကီ၏ ကျော်ကြားမှု ဆက်လက်မြင့်တတ်

ကိုရီးယား အနုပညာရှင်များ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသော်လည်း တရုတ်နိုင်ငံတွင် ဆောင်းဂျွန်ကီ၏ ကျော်ကြားမှု ဆက်လက်မြင့်တတ်

ဆိုးလ်၊ သြဂုတ် ၁၈ ။      ။ တရုတ်အစိုးရသည်   မကြာသေးမီက ကိုရီးယားအနုပညာရှင်များ၏ လှုပ်ရှားမှုများအပေါ် ကန့်သတ်ထိန်းချုပ်မှုများရှိသော်လည်း  တောင်ကိုရီးယား မင်းသား   ဆောင်းဂျွန်ကီသည် သြဂုတ်၁၆ရက်က တရုတ်နိုင်ငံတွင် ပရိတ်သတ်တွေ့ဆုံပွဲကို တတ်ရောက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက သတင်းထုတ်ပြန်သည်။

ဆောင်းဂျွန်ကီသည် တရုတ်အလှပြင်ပစ္စည်းအမှတ်တံဆိပ်က စီစဉ်ကျင်းပသောပွဲကိုတတ်ရောက်ရန် မင်းသမီး ကျန်ကျိရီနှင့်အတူ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့  သွားရောက်ခဲ့သည်။  ပွဲကျင်းပရာခန်းမဆောင်တွင်  မင်းသား နှင့် မင်းသမီးတို့ကို ကြိုဆိုဂုဏ်ပြုရန် ရောက်နေသော ပြည်တွင်းပရိသတ်များနှင့် ပြည့်နှက်နေသည်။

ဆောင်းသည် တရုတ်စကားကို ပြောနိုင်ခြင်းမရှိသော်လည်း  စကားပြန်တစ်ဦး၏ အကူညီရယူခဲ့ပြီး မင်းသမီးကျန်နှင့် ပြက်လုံးများကို ပြောကြားခဲ့ပြီး ပျော်ရွှင်ဖွယ်အစီစဉ်တစ်ရပ်ကို ဖန်တီးခဲ့သည်။

ဆောင်းဂျွန်ကီသည်  လက်ရှိအချိန်တွင် မကြာမီ ထုတ်လွှင့်ပြသမည့် “ Battleship Island” ရုပ်ရှင်ကားအတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိပြီး အဆိုပါဇာတ်ကားကို ၂၀၁၇ ခုနှစ်တွင် ထုတ်လွှင့်ပြသရန် မျှော်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly