လူးဝစ်စီယားနားပြည်နယ် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းကို အမေရိကန်ဒေါ်လာ တစ်သန်းလှူ ဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

လူးဝစ်စီယားနားပြည်နယ် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းကို အမေရိကန်ဒေါ်လာ တစ်သန်းလှူ ဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

နယူးယော့ခ်၊ သြဂုတ် ၁၈ ။        ။ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် မကြာသေးမီက ရေကြီးမှုဒဏ်ခံစားခဲ့ရသော လူးဝစ်စီယားနားပြည်နယ် အတွက် ရေဘေးကယ်ဆယ်ရေး အလှူငွေ အမေရိကန်ဒေါ်လာ   တစ်သန်းလှူဒါန်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြဂုတ် ၁၂ရက်က  လူးဝစ်စီးယားနားပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဒဏ်ခံစားခဲ့ရသော ပြည်သူများကို ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အသက် ၂၆နှစ်အရွယ်ရှိ တေလာဆွစ်ဖ်က သြဂုတ် ၁၆ရက်တွင် အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

“ လူးဝစ်စီးယားနားပြည်နယ်မှာ  ကျွန်မရဲ့ 1989 ကမ္ဘာလှည့်ဖျော်ဖြေပွဲ စတင်ခဲ့တယ်။ပြည်နယ်မှာရှိတဲ့ ပရိတ်သတ်တွေကြောင့် ကျွန်မ ကိုယ့်အိမ်ရောက်သလို ခံစားခဲ့ရတယ်။ယခုသီတင်းပတ်က လူးဝစ်စီးယားနားပြည်နယ်မှာရှိတဲ့ ပြည်သူတွေ ရေကြီးမှုကြောင့် သူတို့ရဲ့နေအိမ်ကို စွန့်ခွာပြီး ထွက်ပြေးရတယ်လို့ ကြားရတာ  စိတ်မကောင်းဖြစ်ရပါတယ်”ဟု   တေလာက   အေပီသတင်းဌာနကို   ပြောကြားခဲ့သည်။

ရေကြီးမှုသည် ပြည်နယ်၏သမိုင်းတွင် အဆိုးရွားဆုံးရေကြီးမှုဖြစ်ခဲ့ပြီး ငါးရက်ကြာရေကြီးမှုကြောင့် လူနေအိမ်ခြေ ၄၀ ၀၀၀ ထက်မနည်း ပျက်စီးခဲ့ရပြီး ၁၁ဦးထက်မနည်းသေဆုံးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly