လေးနှစ်ဆက်တိုက် ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံး ရရှိတဲ့ ဒီဂျေသမားဖြစ်လာတဲ့ ကာလ်ဗင်ဟားရစ်

လေးနှစ်ဆက်တိုက် ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံး ရရှိတဲ့ ဒီဂျေသမားဖြစ်လာတဲ့ ကာလ်ဗင်ဟားရစ်

နယူးယော့ခ်၊ သြဂုတ် ၁၈ ။            ။ စကော့တလန် ဒီဂျေသမား ကာလ်ဗင်ဟားရစ်သည် လေးနှစ်ဆက်တိုက် ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရရှိသည့် ဒီဂျေသမားဖြစ်လာခဲ့ကြောင်း Fobes မဂ္ဂဇင်း၏နှစ်စဉ် ပြုလုပ်သော  Electronic Cash Kings စာရင်းများအရ သိရသည်။

ကာလ်ဗင်ဟားရစ်သည် ၂၀၁၅ ခုနှစ် ဇွန်လမှ ၂၀၁၆ ခုနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၆၃သန်း ဝင်ငွေရရှိခဲ့ပြီး  Electronic Cash King စာရင်းတွင် လေးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

ကာလ်ဗင်ဟားရစ်သည် ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ရက်ပေါင်းများစွာအကြာ ယခုလအစောပိုင်းက ၁၅လကြာတွဲလာသည့် ချစ်သူ တေလာဆွစ်ဖ်နှင့် လမ်းခွဲခဲ့ခြင်းကြောင့် ၎င်းဘဝ၏ ခက်ခဲကြမ်းတမ်းသောနှစ် ဟုထင်မှတ်ထားသော်လည်း ၎င်း၏ဝင်ငွေရရှိမှုအပေါ် ထိခိုက်မှုမရှိခဲ့ကြောင်း နှင့် ဟားရစ်သည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၆၃သန်းရရှိခဲ့သည်။

၂၀၁၅ ခုနှစ်က ဟားရစ်၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာ သုံးသန်းကျဆင်းခဲ့သော်လည်း ဝင်ငွေရရှိမှုသည် မြင့်မားနေဆဲဖြစ်ကြောင်း နှင့် ဟားရစ်သည် လက်စ်ဗီးဂက်စ်မြို့တွင် ဖျော်ဖြေပွဲတစ်ပွဲလျှင် အမေရိကန်ဒေါ်လာ ၄၀၀ ၀၀၀ ရရှိခဲ့သည်။

ကြေးအမြင့်ဆုံး ရရှိသည့် ဒီဂျေသမားစာရင်းတွင် နယ်သာလန်နွယ်ဖွား ဒီဂျေသမား တီအက်စ်တိုသည် အမေရိကန်ဒေါ်လာ ၃၈သန်းဖြင့် နံပါတ်နှစ် နေရာတွင် ရပ်တည်နေပြီး ပြင်သစ်နိုင်ငံသား ဒီဂျေသမား ဒေးဗစ်ဂက်တာက နံပါတ် ၃ နေရာတွင် ရပ်တည်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly