အမ်တီဗီတေးဂီတဗီဒီယို ဆုပေးပွဲတွင် ဘရစ်တနီစပီးယားဖျော်ဖြေသွားမည်

အမ်တီဗီတေးဂီတဗီဒီယို ဆုပေးပွဲတွင် ဘရစ်တနီစပီးယားဖျော်ဖြေသွားမည်

နယူးယော့ခ် ၊ သြဂုတ် ၁၇။         ။ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့၌ သြဂုတ်၂၈ရက်တွင် ကျင်းပပြုလုပ်မည့် အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲတွင် ဘရစ်တနီစပီယား   ဖျော်ဖြေသွား မည်ဖြစ်ကြောင်း အမ်တီဗီက ထုတ်ပြန်ကြေညာခဲ့သည်။

ဘရစ်တနီစပီးယားသည် ၎င်း၏တေးအယ်လ်ဘမ်သစ် “Glory”မှ  “ Make Me”တေးသီချင်းကို ရက်ပါဂျီအာဇေးနှင့်အတူ ဖျော်ဖြေသွားမည်ဖြစ်ပြီး ယင်းသည် သြဂုတ်၂၆ရက်တွင် ထွက်ရှိမည့် ဘရစ်တနီ၏ တေးအယ်လ်ဘမ်သစ်မှ ပထမဆုံး တိုက်ရိုက်ဖျော်ဖြေတင်ဆက်မည့် တေးသီချင်းဖြစ်သည်။

ဘရစ်တနီစပီးယားသည် ၂၀၀၁ခုနှစ်က အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲတွင် ၎င်း၏ပုခုံးပေါ်တွင် ကြီးမားသော မြွေကြီးကိုတင်ကာ ဖျော်ဖြေပေးခဲ့ပြီး ၂၀၀၃ ခုနှစ်က မက်ဒေါနားနှင့်အတူ ဖျော်ဖြေပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ ဘရစ်တနီစပီးယားသည် ၂၀၀၇ ခုနှစ်က အမ်တီဗီတေးဂီတ ဗီဒီယိုဆုပေးပွဲတွင် “ Gimme More” တေးသီချင်းဖြင့် နောက်ဆုံးအကြိမ် ဖျော်ဖြေပေးခဲ့သည့်အချိန်က တေးသီချင်းဖျော်ဖြေတင်ဆက်မှုအပေါ် ပရိသတ်များနှင့် ဝေဖန်ရေးသမားများက ပြစ်တင်ဝေဖန်ခဲ့သည်။

ဘရစ်တနီစပီးယားသည် အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲတွင် ၂၈ကြိမ်လျာထားခြင်းခံခဲ့ရပြီး ဆုပေးပွဲ၏  Moonmen ဆုကို ငါးကြိမ်ရရှိခဲ့သည်။ဘရစ်တနီစပီးယားသည် ၂၀၁၁ ခုနှစ်က Video Vanguard Awardဆုကိုလည်း ချီးမြှင့်ခံခဲ့ရသည်။

သြဂုတ် ၂၈ရက်တွင် နယူးယော့ခ်မြို့  Madison Square Garden၌ ကျင်းပပြုလုပ်မည့် အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly