“ A Star is Born” တေးဂီတဒရမ်မာဇာတ်ကားမှာ ထပ်မံတွေ့ဆုံဦးမယ့် လေဒီဂါဂါ နဲ့ ဘရက်ဒ်လေကော့ပါး

“ A Star is Born” တေးဂီတဒရမ်မာဇာတ်ကားမှာ ထပ်မံတွေ့ဆုံဦးမယ့် လေဒီဂါဂါ နဲ့ ဘရက်ဒ်လေကော့ပါး

နယူးယော့ခ် ၊ သြဂုတ် ၁၇ ။               ။ ပေါ့ကြယ်ပွင့် လေဒီဂါဂါ နှင့် အော်စကာဆုရ မင်းသား ဘရက်ဒ်လေကော့ပါးတို့သည် ဟောလိဝုဒ်တေးဂီတ ဒရမ်မာဇာတ်ကားကို ပြန်လည်ရိုက်ကူးမည့် “ A Star is Born” ဇာတ်ကားတွင် ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက သြဂုတ် ၁၆ရက်တွင် ပြောကြားသည်။

အသက် ၄၁ နှစ်အရွယ်ရှိကော့ပါးသည်  အဆိုပါဇာတ်ကားကို ဒါရိုက်တာလုပ်ရိုက်ကူးသွားမည်ဖြစ်ပြီး လေဒီဂါဂါသည် ခေါင်းဆောင်မင်းသမီးနေရာမှ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။အဆိုပါ ဇာတ်ကားသည် အသက် ၄၁နှစ်အရွယ်ရှိ ကော့ပါး၏ ပွဲဦးထွက် ဒါရိုက်တာလုပ် ရိုက်ကူးမည့်ရုပ်ရှင်ကားဖြစ်သည်။

Warner Bros ထုတ်လုပ်ရေးသည် အဆိုပါ ဇာတ်ကား ထုတ်လုပ်မည့်ရက်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ ဟောလိဝုဒ်သို့ ရောက်ရှိလာသည့် အနုပညာလုပ်ငန်းအပေါ် ဆန္ဒပြင်းပြသော မင်းသမီးပေါက်စတစ်ဦးကို ဝါရင့်သရုပ်ဆောင်မင်းသားတစ်ဦးက အကူညီပေးခဲ့သည့်အကြောင်းကိုရိုက်ကူးပုံဖော်ထားသော ” A Star is Born” ဇာတ်ကားကို ၁၉၃၇ ခုနှစ်က ဂျနက်ဂေးနော် နှင့် ဖရီဒင့်မက်ရှ်တို့က  ပထမဆုံးသရုပ်ဆောင်ထားသည်။

၁၉၅၄ ခုနှစ်တွင် ဂျက်ဒီဂါလန်ဒ် နှင့် ဂျိမ်းစ်မာဆန်တို့ဖြင့် ပြန်လည်ရိုက်ကူးခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဘာဘရာစထရိုက်ဆန် နှင့် ခရစ်ခရစ်တို့ဖြင့် ပြန်လည်ရိုက်ကူးထားသည်။ ” A Star is Born” ဇာတ်ကားသစ်တွင် ဂရမ်မီဆုရှင် လေဒီဂါဂါသည် တေးသီချင်းများကို ရေးဖွဲ့တင်ဆက်သွားမည်ဖြစ်သည်။

လေဒီဂါဂါသည် ၎င်း၏ ရုပ်မြင်သံကြား ပွဲဦးထွက်ဇာတ်ကား   FX ရုပ်သံလိုင်းမှထုတ်လွှင့်သော “ American Horror Story: Hotel” တွင်လည်း  ပါဝင်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly