ဂျွန်နီဒပ်နဲ့ အမ်မာဟာ့ဒ်တို့ အမေရိကန်ဒေါ်လာ ရသန်းဖြင့် ကွာရှင်းခွင့် သဘောတူညီမှုရရှိ

ဂျွန်နီဒပ်နဲ့ အမ်မာဟာ့ဒ်တို့ အမေရိကန်ဒေါ်လာ ရသန်းဖြင့် ကွာရှင်းခွင့် သဘောတူညီမှုရရှိ

လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၁၇ ။              ။ တရားရုံးကြားနာမှုမတိုင်မီ တစ်ရက်အလိုတွင် ဂျွန်နီဒပ်သည် ဇနီးဟောင်းဖြစ်သူ အမ်မာဟာ့ဒ် နှင့် အမေရိကန်ဒေါ်လာ ၇သန်းဖြင့် ကွာရှင်းခွင့်သဘောတူညီမှုရရှိခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုကြောင့် အမ်မာဟာ့ဒ်နှင့် ကိုက်တစ်ရာအကွာတွင် နေထိုင်ခွင့်သည် ပျက်ပြယ်ခဲ့ပြီဖြစ်သည်။

ဂျွန်နီဒပ်သည် အမ်မာဟာ့ဒ်ကို အမေရိကန်ဒေါ်လာ ၇သန်းဖြင့် ကွာရှင်းခွင့် သဘောတူညီချက် ရရှိထားပြီဖြစ်ကြောင်း TMZ သတင်းဌာနက သြဂုတ် ၁၆ရက်နေ့လည်က အတည်ပြုပြောကြားခဲ့သည်။

သဘောတူစာချုပ်အရ အသက်၃၀နှစ်အရွယ်ရှိ အမ်မာဟာ့ဒ်သည် ဂျွန်နီဒပ်အပေါ် စွဲချက်တင်ထားသော အိမ်တွင်းအကြမ်းဖက်မှုကြောင့် ၎င်းနှင့်ကိုက်တစ်ရာအကွာတွင် နေထိုင်ခွင့်အမိန့်ကို ရုတ်သိမ်းပေးရသည်။

အမ်မာဟာ့ဒ်သည် ကွာရှင်းခွင့် သဘောတူညီချက်မှ ရရှိသော ငွေများကို ချို့တဲ့သူများကူညီရေးအဖွဲ့သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ပြောကြားထားသည်။

“ ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ အရမ်းကို အလိုရမ္မက်ကြီးပါတယ်။ ဒီအချိန်မှာတော့ အားလုံးပြီးသွားပါပြီ။ ဒါပေမဲ့ အမြဲတမ်းချစ်ခင်နေမှာပါ။ ဘယ်အဖွဲ့ကမှ ငွေကြေးဆိုင်ရာ အကျိုးအမြတ်အတွက် မှားယွင်းတဲ့စွပ်စွဲချက်တွေ လုပ်ဆောင်မှာမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ပါဘူး ” ဟု ၎င်းတို့နှစ်ဦးက အစီရင်ခံစာတွင် ပြောကြားထားသည်။

လွန်ခဲ့သည့် သုံးလက အမ်မာဟာ့ဒ် တရားရုံးတွင် ကွာရှင်းပြတ်စဲခွင့်တင်ခဲ့ပြီးသည့် အချိန်မှစ၍ ယင်းအစီရင်ခံစာသည် ၎င်းတို့နှစ်ဦး ပထမဆုံးအကြိမ် ပူးတွဲထုတ်ပြန်သည့် အစီရင်ခံစာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly