ဖက်ရှင်မဂ္ဂဇင်းများအတွက် ကြယ်ပွင့်များဖြစ်လာတဲ့ Girls’ Generationအဖွဲ့

ဖက်ရှင်မဂ္ဂဇင်းများအတွက် ကြယ်ပွင့်များဖြစ်လာတဲ့ Girls’ Generationအဖွဲ့

ဆိုးလ်၊ သြဂုတ် ၁၆ ။           ။ တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့  Girls’ Generation အဖွဲ့ဝင်  Hyoyeon ၊ ယိုန နှင့် တေးယွန်တို့သည်  Marie Claire ၊  Vogue နှင့်  Ceci မဂ္ဂဇင်းတို့ အတွက် ဖက်ရှင်မဂ္ဂဇင်းကြယ်ပွင့်များ ဖြစ်လာသည်။

 Marie Claire Taiwan မဂ္ဂဇင်းသည်  စက်တင်ဘာလထုတ် မဂ္ဂဇင်းအတွက် Hyoyeon နှင့်အင်တာဗျူးထားသည့် အကြောင်းအရာနှင့်  Hyoyeon ဓာတ်ပုံကို ၎င်းတို့၏ လူမှုရေးမီဒီယာမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့သည်။ ဓာတ်ပုံထဲတွင် Hyoyeon ကို ရွှေရောင်ဖျော့ဖျော့ ဆေးဆိုးထားသော ဆံပင်အတိုနှင့် တွေ့ရပြီး နှုတ်ခမ်းကိုအနီရောင်ဆိုးကာ  ညှို့အားပြင်းလှပနေသည်ကို တွေ့ရသည်။

“ လှပတဲ့နှလုံးသာကို ပိုင်ဆိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ လှပတဲ့သူတစ်ယောက်ဖြစ်တယ်”ဟု  Hyoyeonက အလှပရေးရာအကြောင်းကို ယခုကဲ့သို့ အဓိပ္ပါယ်ဖွင့် ပြောကြားခဲ့သည်။

ယွန်နသည်လည်း  Vogue Taiwan မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ပေးခဲ့ကြောင်း နှင့် ယွန်နသည် အစင်းကြောင်းများပါသော ဘလောက်အင်္ကျီ၊ စကတ်ရှည် အပါအဝင် ဆောင်ဦးရာသီ အဝတ်အထည်များဝတ်ဆင်ကာ စတိုင်ကျလှပနေသည်ကို တွေရ့သည်။

ယွန်နသည် tvN ရုပ်သံ၏ ဒရမ်မာဇာတ်ကား “K2”တွင် ပါဝင်သရုပ်ဆောင်သွာမည်ဖြစ်ပြီး စက်တင်ဘာ၂၃ရက်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

တေးယွန်သည်လည်း Ceci စက်တင်ဘာလထုတ် မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ပေးခဲ့သည်။ဓာတ်ပုံထဲတွင် တေးယွန်သည် ရွှေရောင်ဆံပင်နှင့် ချစ်စဖွယ်ကောင်းနေပြီး ၎င်း၏ အပြစ်အနာကင်းသော အသားအရေ နှင့် ရိုးရှင်းလှသောမိတ်ကပ်အပြင်အဆင်က  ရိုးရှင်းသောအလှတရားကို ခံစားရစေသည်။

“ Girls’ Generation” အဖွဲ့သည် မကြာသေးမီက အနုပညာသက်တမ်း ကိုးနှစ်ပြည့် အထိမ်းအမှတ်အတွက် တေးသီချင်း “ That Summer (0805)”ကို သြဂုတ် ၅ရက်က ထုတ်လွှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly