လက်မှတ်မှောင်ခိုရောင်းချသူများထံမှ လက်မှတ်ဝယ်သူ ၆၀ဦး “Harry Potter and the Cursed Child” ပြဇာတ် ကြည့်ခွင့်မရခဲ့

လက်မှတ်မှောင်ခိုရောင်းချသူများထံမှ လက်မှတ်ဝယ်သူ ၆၀ဦး “Harry Potter and the Cursed Child” ပြဇာတ် ကြည့်ခွင့်မရခဲ့

နယူးယော့ခ်၊ သြဂုတ် ၁၆ ။              ။ “ Harry Potter and the Cursed Child” ပြဇာတ်အတွက်  လက်မှတ်မှောင်ခိုသမားများထံမှ လက်မှတ်ဝယ်ယူထားသူ ၆၀ဦးခန့်သည် ပြဇာတ်ရုံအတွင်းသို့ ဝင်ခွင့်မရခဲ့ကြောင်း ထုတ်လုပ်သူများက ပြောကြားခဲ့သည်။

မှောင်ခိုသမားများထံမှ ဝယ်ယူထားသော လက်မှတ်နှင့် လာရောက်သူများကို ပြဇာတ်ရုံအတွင်းသို့ ဝင်ခွင့်ပေးမည်မဟုတ်ကြောင်း လန်ဒန်မြို့၏  Palace ပြဇာတ်ရုံ ဝန်ထမ်းက ပြောကြားသည်။

စတာလင်ပေါင် ၇၀ သာတန်ကြေးရှိသော “ Harry Potter and the Cursed Child” ပြဇာတ် လက်မှတ်တစ်စောင်လျှင် ထပ်ဆင့်ပြန်လည်ရောင်းချသောဈေးကွက် ( မှောင်ခိုဈေးကွက်)၌ စတာလင်ပေါင်  ၆၂၀၀  ဖြင့် ရောင်းချလျက်ရှိသည်။

“ ကျွန်တော်တို့ရဲ့ဖောက်သည်တွေအားလုံးကို ကာကွယ်ပေးဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေးအလုပ်ဖြစ်ပါတယ်။ ဒီမှောင်ခိုဈေးကွက်ကို တိုက်ဖျက်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ် ”ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။

“ ကျွန်တော်တို့ ထပ်ဆင့်ပြန်လည်ရောင်းချသော ဈေးကွက်မှ လက်မှတ်ဝယ်ယူထားသူတွေကို ဝင်ခွင့်မပေးခဲ့ဘူး။ ကျွန်တော်တို့ လက်မှတ်မှောင်ခိုသမားတွေကို တိုက်ဖျက်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ လက်မှတ်မှောင်ခိုဈေးကွက်က လက်မှတ်ဝယ်လာသူတွေကို ပြဇာတ်ရုံထဲကို ပေးဝင်မှာမဟုတ်ပါဘူး”ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။

ထပ်ဆင့်ပြန်လည်ရောင်းချသော ဈေးကွက်မှ ဝယ်ယူလာသော လက်မှတ်များသည် တရားဝင်မဟုတ်ကြောင်း နှင့် အင်တာနက် ၊ သတင်းစာ ဒါမှမဟုတ် အခြားတစ်နေရာရာမှ ဝယ်လာသော လက်မှတ်များသည် တရားမဝင်ကြောင်း ထုတ်လုပ်သူများက သတိပေးပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly