ဂျပန်အမျိုးသားအဆိုတော်အဖွဲ့ SMAP ဖျက်သိမ်းမည့် သတင်းကြောင့် ပရိသတ်များ စိတ်မချမ်းမသာဖြစ်ခဲ့ရ

ဂျပန်အမျိုးသားအဆိုတော်အဖွဲ့ SMAP ဖျက်သိမ်းမည့် သတင်းကြောင့် ပရိသတ်များ စိတ်မချမ်းမသာဖြစ်ခဲ့ရ

တိုကျို ၊ သြဂုတ် ၁၅ ။             ။ ဂျပန်အမျိုးသားအဆိုတော်အဖွဲ့ SMAPအဖွဲ့ကို ယခုနှစ်အကုန်တွင် ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း Johnny& Associates ဖျော်ဖြေရေးကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့ရာ ဂျပန် နှင့် အာရှရှိပရိတ်သတ်များသည် ယင်းသတင်းကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။

SMAP အဖွဲ့ဝင်များသည် ဂီတလုပ်ငန်းများကို အတူတကွလုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားခဲ့ပြီးနောက် ခုနှစ်လအကြာတွင် အဖွဲ့ကို ဖျက်သိမ်းသွားမည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

၁၉၈၈  ခုနှစ်က တည်ထောင်ခဲ့သော အမျိုးသားငါးဦးပါဝင်သည့်   SMAP အဖွဲ့ကို ဒီဇင်ဘာ ၃၁ရက်တွင် ဖျက်သိမ်းသွားမည်ဖြစ်ပြီး အဖွဲ့ဝင်အားလုံးသည် တစ်ကိုယ်တော် အဆိုတော်များအဖြစ် အနုပညာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း  Johnny& Associates က အစီရင်ခံစာတွင် ပြောကြားထားသည်။

“ကျွန်တော်တို့ အဖွဲ့ဖျက်သိမ်းမှုအတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ တစ်ကယ့်ကို တောင်းပန်ပါတယ်။”ဟု အဖွဲ့ခေါင်းဆောင် မာဆာဟီရိုနာကီက ကျိုဒိုသတင်းဌာနကို ပြောကြားခဲ့သည်။

 SMAPအဖွဲ့ ဖျက်သိမ်းတော့မည့် သတင်းသည် သြဂုတ်၁၄ရက်က မီဒီယာစာမျက်နှာများပေါ်တွင် ဖော်ပြခံခဲ့ရပြီး ပရိသတ်များက တွစ်တာပေါ်တွင် အဖွဲ့ဖျက်သိမ်းမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags