“ Suicide Squad” ရုပ်ရှင်ကား အမေရိကန်ဒေါ်လာ ၅၈ဒသမရသန်းဖြင့် ပြည်ပရုံတင်ပြငွေစာရင်းတွင် ထိပ်ဆုံးမှရပ်တည်

“ Suicide Squad” ရုပ်ရှင်ကား အမေရိကန်ဒေါ်လာ ၅၈ဒသမရသန်းဖြင့် ပြည်ပရုံတင်ပြငွေစာရင်းတွင် ထိပ်ဆုံးမှရပ်တည်

လော့စ်အိန်ဂျလိစ်၊  သြဂုတ် ၁၅ ။   ။ “ Suicide Squad” ရုပ်ရှင်ကားသည် ပြည်ပရုံတင်ပြငွေစာရင်းတွင် သီတင်းပတ်နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးမှရပ်တည်လျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ရုပ်ရှင်ကားကို နိုင်ငံပေါင်း ၆၂နိုင်ငံရှိ ရုပ်ရှင်ရုံပေါင်း ၁၅၆၀၀ရုံတွင် ပြသခဲ့ရာ အမေရိကန်ဒေါ်လာ ၅၈ဒသမ၇သန်းရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အမြတ်အစွန်း အမေရိကန်ဒေါ်လာ ၄၆၅ဒသမ၄သန်းအထိရရှိခဲ့သည်။” Suicide Squad” ရုပ်ရှင်ကားကို အမေရိကန်ဒေါ်လာ ၁၇၅သန်း အကုန်ကျခံရိုက်ကူထားသည်။

“ Suicide Squad” ရုပ်ရှင်ကားသည် တရုတ်နိုင်ငံအတွင်း ပြသရန် ငြင်းပယ်ခံရခြင်းကြောင့် ကမ္ဘာ၏ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်မှ ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ သန်း၁၀၀ နစ်နာခဲ့ရသည်။” Suicide Squad” ရုပ်ရှင်ကားကို သီတင်းပတ်ကုန်က အာဂျင်တီးနား နှင့် အီတလီနိုင်ငံတို့တွင် ဖွင့်လှစ်ပြခဲ့ရာ အမေရိကန်ဒေါ်လာ ၂ဒသမ၅ သန်း နှင့် အမေရိကန်ဒေါ်လာ ၂ဒသမ၂သန်း အသီသီးရရှိခဲ့သည်။

ဘရာဇီးနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆ဒသမ၇သန်း ၊ ဗြိတိန်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၅ဒသမ၅ သန်း ၊ သြစတြေးလျနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄ဒသမ၄သန်း ၊ မက္ကဆီကိုနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄ဒသမ၃ သန်း နှင့် ရုရှနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄ဒသမ၃သန်းရရှိထားပြီး ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ ၄၃ဒသမ၈သန်းရရှိထားသည်။

Illumination Entertainment နှင့် Universal ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတို့၏ “ The Secret Life of Pets” အန်နီမေးရှင်း ကာတွန်းကားသည် နိုင်ငံပေါင်း ၄၈နိုင်ငံတွင် ပြသခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း၄၀ ဖြင့် နံပါတ် ၂ နေရာတွင် ရပ်တည်နေသည်။

ဟောင်ကောင် - တရုတ် ရာဇဝတ်မှုရုပ်ရှင်ကား “ Line Walker” သည် အမေရိကန်ဒေါ်လာ ၂၆သန်းဖြင့် နံပါတ် ၃နေရာတွင် ရပ်တည်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly