မြစ်ဆုံ ကိစ္စ မစိုးရိမ်ကြရန် မြစ်ဆုံ စီမံကိန်းလေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်ပြော

မြစ်ဆုံ ကိစ္စ မစိုးရိမ်ကြရန် မြစ်ဆုံ စီမံကိန်းလေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်ပြော

နေပြည်တော်၊ သြဂုတ် ၁၅ ။                ။ သမ္မတ ဦးသိန်းစိန်အစိုးရသက်တမ်းတွင် ရပ်နားထားခဲ့သည့် မြစ်ဆုံစီမံကိန်း နှင့်ပက်သက်၍ ပြည်သူများအနေဖြင့် မစိုးရိမ်ကြရန် မြစ်ဆုံစီမံကိန်း   လေ့လာသုံးသပ်ရေး  ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။

" ကွင်းဆင်းဆောင်ရွက်ဖို့တွေ ကို လုပ်ငန်းအဖွဲ့တွေလုပ်ရအုံးမယ်။ အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်ကြမှာပေါ့။  စာချုပ် ချုပ်ဆိုမှုတွေ ပြန်ကြည့်ဖို့တောင်းဆိုထားပါတယ် ဘာမှမစိုးရိမ်နဲ့ " ဟု မြစ်ဆုံစီမံကိန်း လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်က ပြောသည်။

လက်ရှိတွင် ပြည်သူများ၏ တောင်းဆိုမှုအရ သမ္မတ ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ စီမံကိန်းနှင့် ပက်သက်၍ လေ့လာသုံးသပ်ရေးကော်မတီ ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ကော်မတီတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဖြစ်သူ ဦးတီခွန်မြတ် အား ဥက္ကဌအဖြစ် လည်းကောင်း ၊ ပြည်ထောင်စု ဝန်ကြီး ၆ ဦး ၊ ပြည်ထောင်ရှေ့နေချုပ် ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အဖွဲ့ဝင် (၂၀ )ဖြင့် သြဂုတ်လ ၁၂ ရက်နေ့ က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းလေ့လာသုံးသပ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို သြဂုတ်လ ၂၂ ရက်နေ တွင်စတင် မည်ဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောသည်။

ကော်မတီ ဥက္ကဌဖြစ်သူ ဦးတီခွန်မြတ်သည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၅ ရွေး ကောက်ပွဲတွင် နှစ်ကြိမ်စလုံးအနိုင်ရရှိခဲ့သူဖြစ်ပြီး လက်ရှိတွင်    ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဖြစ်သည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတည်ဆောက်ရန် တပ်မတော်အစိုးရလက်ထက်က တရုတ်ကုမ္မဏီ တစ်ခုနှင့် စာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly