၂၀၁၆ “ Director’s Cut Awards” ဆုပေးပွဲတွင် သရုပ်ဆောင်နှင့် ဒါရိုက်တာ ရှစ်ဦး ထိပ်တန်းဆုများရရှိ

၂၀၁၆ “ Director’s Cut Awards” ဆုပေးပွဲတွင် သရုပ်ဆောင်နှင့် ဒါရိုက်တာ ရှစ်ဦး ထိပ်တန်းဆုများရရှိ

ဆိုးလ်၊ သြဂုတ် ၁၃ ။              ။ ၂၀၁၆ ခုနှစ် “ Director’s Cut Awards” ဆုပေးပွဲကို သြဂုတ် ၁၂ရက်က  Jecheon နိုင်ငံတကာတေးဂီတ  နှင့် ရုပ်ရှင်ပွဲတော် နှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်

ယခုနှစ်အတွက် အကောင်းဆုံးဒါရိုက်တာဆုကို “ The Wailing” ရုပ်ရှင်ကား ဒါရိုက်တာ နာဟောင်ဂျင်က ရရှိသွားခဲ့ပြီး “ The Priests”  ရုပ်ရှင်ကား ဒါရိုက်တာ ဂျောင်ဂျေဟွန်းသည် အကောင်းဆုံး မျက်နှာသစ်ဒါရိုက်တာဆုကို ရရှိခဲ့သည်။

အကောင်းဆုံးထုတ်လုပ်သူဆုကို “ Dongju: The Portrait of a Poet” ရုပ်ရှင်ကားဖြင့်  Shin Yeon Shik ကရရှိခဲ့ပြီး  “ Alice in Earnestland” ရုပ်ရှင်ကား ဒါရိုက်တာ အန်ဂွတ်ခ်ဂျင်က  Best Independent Flim Director ဆုကို ရရှိခဲ့သည်။

မင်းသားလီဗြောင်ဟွန်းသည်  “ Inside Men” ရုပ်ရှင်ကားဖြင့် ယခုနှစ်၏ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး မင်းသမီး ကင်မင်ဟီးက  “ The Handmaiden” ရုပ်ရှင်ကားဖြင့် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

မင်းသားပက်ခ်ဂျောင်မင်သည် “ Dongju: The Portrait of a Poet” ရုပ်ရှင်ကားဖြင့် အကောင်းဆုံးမျက်နှာသစ် အမျိုးသားသရုပ်ဆောင်ဆုကိုရရှိခဲ့ပြီး ကင်ထယ်ရီသည် “ The Handmaiden” ရုပ်ရှင်ကားဖြင့် အကောင်းဆုံး မျက်နှာသစ် အမျိုးသမီးသရုပ်ဆောင်ဆုကိုရရှိခဲ့သည်။

Jecheon  နိုင်ငံတကာ ရုပ်ရှင် နှင့် တေးဂီတပွဲတော်ကို သြဂုတ်၁၁ ရက်က စတင်ကျင်းပခဲ့ပြီး သြဂုတ်၁၆ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly