ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယား ထိပ်တန်းနှစ်နေရာတွင် တစ်နှစ်အတွင်း ခုနစ်ကြိမ်မြောက် ရပ်တည်ခဲ့တဲ့ ဂျက်စတင်ဘီဘာ

ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယား ထိပ်တန်းနှစ်နေရာတွင် တစ်နှစ်အတွင်း ခုနစ်ကြိမ်မြောက် ရပ်တည်ခဲ့တဲ့ ဂျက်စတင်ဘီဘာ

နယူးယော့ခ်၊ သြဂုတ် ၁၃ ။               ။ ဆယ်ကျော်သက်အရွယ်များ အသည်းစွဲအဆိုတော် ဂျက်စတင်ဘီဘာသည် တစ်နှစ်အတွင်း ဗြိတိန် တစ်ကိုယ်တော် တေးသီချင်းဇယား၌ ထိပ်ဆုံးနှစ်နေရာတွင် ခုနစ်ကြိမ် ရပ်တည်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မေဂျာလာဇာနှင့် ပူးတွဲသီဆိုထားသော  “Cold Water” တေးသီချင်းသည် သီတင်းပတ် သုံးပတ်ကြာ နံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့ပြီး  ဒီဂျေစနိတ်ခ် နှင့် သီဆိုထားသော “ Let Me Love You” တေးသီချင်းသည် နံပါတ် ၂ နေရာတွင် ရပ်တည်နေသည်။

၁၉၈၅ ခုနှစ်က မက်ဒေါနားသည်   “ Into The Groove” နှင့် “Holiday” တေးသီချင်းတို့ဖြင့် ဗြိတိန်တေးဂီတဇယား၏ ထိပ်တန်းနှစ်နေရာတွင် ရပ်တည်ခဲ့ပြီးနောက်ပိုင်း ဇယား၏ ထိပ်တန်းနှစ်နေရာတွင် ရပ်တည်ခဲ့သည့် တေးသံရှင်မရှိခဲ့ကြောင်း နှင့်  ယခုအခါ ဂျက်စတင်ဘီဘာသည် ဇယား၏ ထိပ်တန်းနှစ်နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ဗြိတိန်အဆိုတော် ကာလမ်စကော့သည် “ Dancing On My Own” တေးသီချင်းဖြင့် ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယားတွင် နံပါတ် ၃နေရာတွင် ရပ်တည်နေပြီး အဆိုတော် ဂျိုနက်စ်ဘလူး၏ တေးသီချင်း “ Perfect Strangers”သည် နံပါတ် ၄နေရာတွင် ရပ်တည်နေသည်။

အမေရိကန် နှစ်ယောက်တွဲအဆိုတော်အဖွဲ့  Chainsmokers အဖွဲ့သည် “ Don’t Let Me Down” တေးသီချင်းဖြင့် နံပါတ် ၅ နေရာတွင် ရပ်တည်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly