လီမင်ဟိုနှင့် ဂျန်ဂျီဟွန်းတို့ ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် ပြည်ပသိုွှ ထွက်ခွာမည်

လီမင်ဟိုနှင့် ဂျန်ဂျီဟွန်းတို့ ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် ပြည်ပသိုွှ ထွက်ခွာမည်

တောင်ကိုရီးယား သရုပ်ဆောင် အကျော်အမော်များဖြစ်သော မင်းသမီး ဂျန်ဂျီဟွန်းနှင့် မင်းသား လီမင်ဟိုတို့သည်  SBS ရုပ်သံ၏ မကြာမီ ထုတ်လွှင့်ပြသမည့် “The Legend of the Blue Sea” ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် မကြာမီ ပြည်ပသို့ သွားရောက်မည် ဖြစ်သည်။

ဂျန်သည် သြဂုတ်လတွင် ပလောင်းကျွန်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး လီသည် စက်တင် ဘာလတွင် စပိန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အတွင်းလူတစ်ဦးက သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ လီမင်ဟိုနှင့် ဂျန်ဂျီဟွန်းတို့နှစ်ဦး ထွက်ခွာမည့် ရက်အတိအကျကို အတည်ပြု ပြောကြားခြင်း မရှိသေးပေ။

ပြည်ပ ရိုက်ကွင်းနေရာများသည် ဒရမ်မာ ရုပ်ရှင်ကားအတွက် တစ်မူထူးခြားသော နောက်ခံရှု ခင်းများကို ပေးစွမ်းကြောင်း သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။အဆိုပါ ရုပ်ရှင်ကားသည် Joseon ဘုရင်ခေတ်က ကိုရီးယားရှေးရိုး ပုံပြင်တစ်ပုဒ်အကြောင်းကို စိတ်ကူးပုံဖော် ရိုက်ကူးသွားမည် ဖြစ်သည်။

ဂျန်ဂျီဟွန်းသည် ဆိုးလ်မြို့သို့ ရောက်လာသည့် ရေသူမအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ပြီး လီမင်ဟိုသည် ရေသူမကို ချစ်မိသွားသည့် လူလိမ်တစ်ယောက်အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

ဇာတ်ညွှန်းရေးဆရာ ပက်ခ်ဂျီအမ်က “The Legend of the Blue Sea” ရုပ်ရှင်ကားအ တွက် ဇာတ်ညွှန်းရေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly