ဘောလိဝုဒ် ကြယ်ပွင့် ရှရွတ်ခန် အမေရိကန်လေဆိပ်တွင် ထိန်းသိမ်းခံရ

ဘောလိဝုဒ် ကြယ်ပွင့် ရှရွတ်ခန် အမေရိကန်လေဆိပ်တွင် ထိန်းသိမ်းခံရ
(ဓာတ်ပုံ - အီးပီအေ)

ဘောလိဝုဒ်ကြယ်ပွင့် ရှရွတ်ခန်က လော့စ်အိန်ဂျလိစ်မြို့နိုင်ငံတကာလေဆိပ်တွင် အမေရိကန် အာဏာပိုင်များ၏ ထိန်းသိမ်းခံခဲ့ရမှုအပေါ် စိတ်ပျက်မိကြောင်း တွစ်တာတွင် ပြောကြားထားသည်။ ခန်သည် သြဂုတ် ၁၁ ရက်က လော့စ်အိန်ဂျလိစ်မြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း တွစ်တာတွင် ပြောကြားထားသည်။

ရှရွတ်ခန်ကို ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည် ဒါမှမဟုတ် ဘယ်လောက်ကြာ ထိန်းသိမ်းထားမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ၂၀၁၂ ခုနှစ်က ရှရွတ်ခန်ကို နယူးယော့ခ်မြို့အနီးရှိ White Plains လေဆိပ်တွင် မိနစ် ၉၀ ကြာ ထိန်းသိမ်းခံခဲ့ရမှုအပေါ် အိန္ဒိယပြည်သူများက စိတ်ဆိုး မာန်ဆိုး တုံ့ပြန်ခဲ့ဖူးသည်။

၂၀၀၉ ခုနှစ်ကလည်း ရှရွတ်ခန်သည် Newark လေဆိပ်တွင် နှစ်နာရီကြာ ထိန်သိမ်းခံခဲ့ရကြောင်းနှင့် အိန္ဒိယသံရုံး၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ပြန်လည် လွှတ်မြောက်ခဲ့သည်။

လူမှုဝင်မှုကြီးကြပ်ရေး အရာရှိများက ထိန်းသိမ်းခံရမှုအပေါ် ထင်မြင်ချက်များ ပြောကြားခြင်း မရှိသော်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှတောင်ပိုင်းနှင့် အလယ်ပိုင်းရေးရာ လက်ထောက်အတွင်းရေးမှူး နိရှာဘက်စ်ဝဲလ်က “အငြင်းအခုံအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း” ပြောကြားခဲ့ပြီး ယင်းအခြေအနေမျိုးကို အမေရိကန်သံတမန်များလည်း ရင်ဆိုင်နေရကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

အိန္ဒိယပြည်သူများသည် ဘောလိဝုဒ်ကြယ်ပွင့် ရှရွတ်ခန် အမေရိကန်လေဆိပ်များတွင် အမြဲတမ်းလိုလို ထိန်းသိမ်းခံနေရမှုအပေါ် အံ့အားသင့်လျက်ရှိသည်။၂၀၁၂ ခုနှစ်ကလည်း ရှရွတ်ခန်သည် လုပ်ငန်းတာဝန်အတွက် Yale တက္ကသိုလ်သို့ သွားရောက်ရန် ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်လာခဲ့သည့် အချိန်ကလည်း တားဆီးခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly