ဂျွန်နီဒပ်အပေါ်စွဲချက်တင်ထားသော နှိပ်စက်ညှင်းပန်းမှုစွဲချက် ကြားနားမှု နှစ်ရက်နောက်ဆုတ်

ဂျွန်နီဒပ်အပေါ်စွဲချက်တင်ထားသော နှိပ်စက်ညှင်းပန်းမှုစွဲချက် ကြားနားမှု နှစ်ရက်နောက်ဆုတ်

နယူးယော့ခ်၊ သြဂုတ် ၁၁ ။                      ။ ဟောလိဝုဒ် မင်းသမီး အမ်မာဟာ့ဒ်က  ဂျွန်နီဒပ်အပေါ် စွဲချက်တင်ထားသော ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်မှုစွဲချက် နှင့်စပ်လျဉ်း၍ တရားရုံး ကြားနာစစ်ဆေးမှုကို နှစ်ရက်နောက်ဆုတ်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကြားနာစစ်ဆေးမှုကို သတ်မှတ်ရက်ထက် နှစ်ရက်နောက်ကျပြီးမှ စတင်သွားမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့သည်။ ဟာ့ဒ်သည်  ခင်ပွန်းဖြစ်သူ ဂျွန်နီဒပ်နှင့်ကွာရှင်းပေးရန် မေ၂၃ရက်က  တရားရုံးတွင် လျှောက်လွှာတင်ခဲ့သည်။

အမ်မာဟာ့ဒ်က ဂျွန်နီဒပ်သည် ၎င်းအား  အကြိမ်ကြိမ် ရိုက်နှက်ညှင်းပန်းခဲ့သည်ဟု စွဲချက်တင်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ဂျွန်နီဒပ်နှင့် ကိုက်တစ်ရာအကွာတွင် နေထိုင်ခွင့်ရရှိခဲ့သည်။ ကြားနာစစ်ဆေးမှုတွင် အမ်မာဟာ့ဒ် အနိုင်ရခဲ့လျှင် ဂျွန်နီဒပ်နှင့်ကိုက်တစ်ရာအကွာတွင် နေထိုင်ခွင့် ငါးနှစ်အထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။

ဟာ့ဒ်သည် သြဂုတ်၁၂ ရက်တွင် သက်သေခံထွက်ဆိုချက်ပေးရမည်ဖြစ်ပြီး ဒပ်သည် သြဂုတ် ၁၃ရက်တွင် ကျမ်းကျိန်ရမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်တရားရုံးချုပ် တရားသူကြီး ကာလ်အိတ်ချ်မော်က အမိန့်ထုတ်ပြန်ခဲ့သည်။ ဂျွန်နီဒပ်သည် ဟာ့ဒ်၏ သက်သေခံထွက်ဆိုချက်ကို တတ်ရောက်ခွင့်မရှိကြောင်း တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့သည်။

ယခုနှစ်မေလ ဖြစ်ပွားခဲ့သော စကားများမှုအတွင်း ဂျွန်နီဒပ်သည် ၎င်းအားရိုက်နှက်ခဲ့ပြီး မိုဘိုင်းလ်ဖုန်းကို အဝေးသို့လွှင့်ပစ်ခဲ့ကြောင်း အမ်မာဟာ့ဒ်က စွဲချက်တင်ခဲ့ပြီးနောက် ဂျွန်နီဒပ်သည် အမ်မာဟာ့ဒ် နှင့် ဆက်သွယ်ခွင့်မရှိသည့်အပြင် ကိုက်တစ်ရာအကွာတွင် နေထိုင်ရန် အမိန့်ထုတ်ပြန်ခြင်း ခံထားရသည်။

အသက် ၅၃ နှစ်အရွယ်ရှိ ဂျွန်နီဒပ် နှင့် အသက် ၃၀နှစ်အရွယ် ဟာ့ဒ်တို့သည် ၂၀၁၁ ခုနှစ်က “ The Rum Diary” ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ထပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly