“ Doctors” ဇာတ်ကားသည် ပတ်ခ်ရှင်ဟေး နှင့် ၎င်း၏လက်ဝတ်ရတနာများ လူကြိုက်များမှုကို မြင့်တက်စေခဲ့

“ Doctors” ဇာတ်ကားသည် ပတ်ခ်ရှင်ဟေး နှင့် ၎င်း၏လက်ဝတ်ရတနာများ လူကြိုက်များမှုကို မြင့်တက်စေခဲ့

ဆိုးလ်၊ သြဂုတ် ၁၁ ။              ။ “ Doctors” ဒရမ်မာဇာတ်ကား လူကြိုက်များမှုမြှင့်တတ်လာမှုနှင့်အတူ မင်းသမီး ပက်ခ်ရှင်ဟေး နှင့် ယင်းဇာတ်ကားတွင် ပက်ခ်ရှင်ဟေးဝတ်ဆင်ခဲ့သော လက်ဝတ်ရတနာများအပေါ် လူကြိုက်များမှုသည် သိသိသာသာ မြှင့်တတ်လာခဲ့သည်။

ပက်ခ်ရှင်ဟေးသည် မကြာသေးမီက  Weibo ဝက်ဆိုဒ်တွင် လူကြိုက်အများဆုံး မင်းသမီးအဖြစ် နံပါတ်တစ်နေရာကို ရရှိထားသည်။ “ Doctors” ဒရမ်မာဇာတ်ကားသည်  လူကြိုက်များသော ဇာတ်ကားစာရင်းတွင် နံပါတ် ၁၀နေရာမှ ရပ်တည်နေခြင်းက  ပြည်ပတွင် မင်းသမီးပက်ခ်ရှင်ဟေး နှင့် အဆိုပါ ဒရမ်မာဇာတ်ကားအပေါ် လူကြိုက်များမှုကို ပြသနေသည်။

၂၀၁၄ ခုနှစ်စတင်၍ ပက်ခ်ရှင်ဟေး မော်ဒယ်အဖြစ် လုပ်ဆောင်ခဲ့သော  လက်ဝတ်ရတနာအမှတ်တံဆိပ်  Agatha Parisသည်လည်း ပက်ခ်ရှင်ဟေး၏ ကျော်ကြားမှုနှင့်အတူ များပြားလှသော အကျိုးကျေးဇူးများရရှိခဲ့သည်။ “ Doctors” ဒရမ်မာဇာတ်ကားတွင် ပက်ခ်ရှင်ဟေးသည်   Agatha အမှတ်တံဆိပ် လက်ဝတ်ရတနာများ ဝတ်ဆင်ခဲ့ပြီး  Mini Mozart နာရီ နှင့်  Coco Rose လည်ဆွဲတို့ကို  နောက်ဆုံးအပိုင်းတွင် ဝတ်ဆင်ခဲ့သည်။

ပြည်ပခရီးသွားများသည်  Agatha အမှတ်တံဆိပ် လက်ဝတ်ရတနာ လက်လီရောင်းချသူများထံသို့ လာရောက်ခဲ့ပြီး အထူးသဖြင့် ပက်ခ်ရှင်ဟေး၏ လည်ဆွဲကို မေးမြန်းခဲ့ကြသည်။ပြီးခဲ့သည့်လမှစ၍ ယင်းအမှတ်တံဆိပ်သည်  ၂၀၀ရာခိုင်နှုန်းအထိရောင်းချခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags