ဆောင်းဂျီဟို နှင့် Lee Sun-kyun တို့ JTBC ရုပ်သံ၏ ဒရမ်မာဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်သွားမည်

ဆောင်းဂျီဟို နှင့် Lee Sun-kyun တို့ JTBC ရုပ်သံ၏ ဒရမ်မာဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်သွားမည်

နယူးယော့ခ်၊ သြဂုတ် ၁၁ ။             ။ တောင်ကိုရီယား မင်းသမီး ဆောင်းဂျီဟို နှင့် မင်းသား  Lee- Sun-kyun တို့ သည်  JTBC ရုပ်သံတွင် မကြာမီထုတ်လွှင့်ပြသမည့် “ My Wife is Having an Extramarital Affair This Week” ဒရမ်မာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါ ဒရမ်မာဇာတ်ကားသည်  ၂၀၀၇ ခုနှစ်က ဖူဂျီ ရုပ်မြင်သံကြားတွင် ပြသခဲ့သော နာမည်တူ ဂျပန်ဒရမ်မာဇာတ်ကားကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုပါ ဒရမ်မာ ဇာတ်ကားသည် ဇနီးဖြစ်သူ၏ ခြေရှုပ်နေသည့်အကြောင်းကို သိရှိသွားပြီး  မိသားစုဘဝကို ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်သော ခင်ပွန်းဖြစ်သူအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

ခင်ပွန်းသည်အဖြစ်  Lee Sun-kyun က သရုပ်ဆောင်သွားမည်ဖြစ်ပြီး ဇနီးသည်အဖြစ် ဆောင်းက သရုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုတော်  BoA သည်လည်း အဆိုပါ ဒရမ်မာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

“ My Wife is Having an Extramarital Affair This Week” ဒရမ်မာဇာတ်ကားကို အောက်တိုဘာလတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ဆောင်းဂျီဟိုသည် SBS ရုပ်သံ၏ “ Running Man” အစီစဉ်ဖြင့် ပရိသတ်များ၏အားပေးမှုကို ရရှိထားသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly