ဆက်သွယ်ရေး ခက်ခဲမှုကြောင့် အင်္ဂပူမြို့နယ် နေရာအချို့တွင် ရေနှင့် စားနပ်ရိက္ခာလိုအပ်နေ

ဆက်သွယ်ရေး ခက်ခဲမှုကြောင့် အင်္ဂပူမြို့နယ် နေရာအချို့တွင် ရေနှင့် စားနပ်ရိက္ခာလိုအပ်နေ

ရန်ကုန်၊ သြဂုတ် ၁၀ ။             ။ ဧရာဝတီတိုင်းဒေသကြီး ဟသာၤတခရိုင် အင်္ဂပူမြို့နယ်ရှိဒေသအချို့တွင် လမ်းပမ်းဆက်သွယ်ရေးအခက်ခဲကြောင့် အ လှူရှင် သွားရောက်မှုနည်းပါးကာ ရေနှင့် စားနပ်ရိပ်က္ခာ လိုအပ်ချက်ရှိနေကြောင်း တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်မှ ကွန်ရက်ဖွံ့ဖြိုးရေးခေါင်းဆောင် ကိုမျိုးမင်းက မဇ္ဇျိမကို ပြောသည်။

“အဓိကက အခုရေသန့်တွေလိုနေတယ်ဗျ။ ရေသန့်လိုတယ်ဆိုတာက ဧရာဝတီကရေချိုတော့မှန်တယ် ဒါပေမယ့် သူ တို့က ဆည်ရေနဲ့မြစ်ရေနဲ့ အညှပ်ခံရပြီးတော့ အလယ်မှာ တာအပိတ်ခံရတဲ့ အခါကျတော့ အနယ်တွေထတာနဲ့ ရေတွေ က မသန့်တော့ဘူး” ဟုကိုမျိုးမင်းက ပြောသည်။

လက်ရှိတွင် အင်္ဂပူ မြို့နယ်အတွင်း တာနှစ်ခုကျိုးပေါက်မှုဖြစ်ပွားခဲ့ ပြီး ယင်းတာကျိုးသည့်ဒေသတွင် နေထိုင်သူများသည် နေအိမ်တွေများကို စွန့်ခွာ၍ နီးစပ် ရာ အဆင်ပြေသည့်နေရာများတွင်   နေထိုင်လျက်ရှိကြပြီး မြို့နယ်၏ ၇၅ ရာခိုင်နူန်း ခန့်သည် အကူညီလို အပ်လျှက် ရှိနေ သေးကြောင်း ဟင်္သာတခရိုင်အရေးပေါ် ကယ်ဆယ်ရေးကွန်ရက်မှ တာဝန်ရှိသူ ကိုသန့်စင်ထွဋ်က မဇ္ဇိုမကို ပြောသည်။

" မြစ်ကမ်းဘေးကရွာတချို့က ကိုင်းလုပ်သူတွေဖြစ်ကြောင့်ဆန်လိုအပ်ချက်ရှိနေပြီး၊ မြို့အတွင်းပိုင်းရှိရွာများက လယ် လုပ်ကြတာဖြစ်တာကြောင့်ဆန်ရှိသော်လည်း လိုအပ်ချက်ရှိနေသေးတယ်" ဟု ကိုမျိုးမင်းက ပြောသည်။

ရေမြင့်တက်မှုကြောင့် အိမ်သာများပါ ရေမြုပ်သွားပြီ ဖြစ်သဖြင့်  နောက်ဆက်တွဲ ရောဂါတွေဖြစ်လာနိုင်သည့်အတွက် ရေသန့်နှင့် ရေသန့်ဆေးပြားများ အဓိက လိုနေသည် ဟုလည်း ၎င်းကဆိုသည်။

အင်္ဂပူမြို့နယ်တွင် ကျေးရွာအုပါစုပေါင်း ၈၀၊ ကျေးရွာပေါင်း ၆၅၂ ရွာရှိသည့်အနက် ရွာပေါင်း ၁၅၀ခန့် ရေလွှမ်း မိုးခံနေရ ပြီး အင်္ဂပူမြို့တောင်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းဒေသတွေအများစုပါဝင်သည်ဟု ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ရေဘေးဖြစ်ပွားတဲ့ဒေသတွေဖြစ်တဲ့စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေး တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ မှာ ရေဘေးသင့် ပြည်သူပေါင်း (၄)သိန်းကျော်ရှိနေပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ် ပြန် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly