မူပိုင်ခွင့်ချိုးဖောက်မှုစွဲချက်တင်ခံနေရတဲ့ ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်

မူပိုင်ခွင့်ချိုးဖောက်မှုစွဲချက်တင်ခံနေရတဲ့ ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်

 နယူးယော့ခ်၊ သြဂုတ် ၁၀ ။          ။ ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်သည်  ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့သော  “ Thinking Out Loud”  တေးသီချင်းနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ချိုးဖောက်မှု စွဲချက်တင်ခံထားရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန် အဆိုတော် မာဗင်ဂေး၏ “ Let’s Get It On ” တေးသီချင်းကို ပူးတွဲရေးသားသူ အက်ဒ်တောင်းဆက်ဒ်၏ မိသားစုများက အသက် ၂၅နှစ်အရွယ်ရှိ ရှီရန်ကို  ဂေး၏  ၁၉၇၃ ခုနှစ်က ထင်ရှားကျော်ကြားခဲ့သော တေးသီချင်း “ Let’s Get It On”၏ သံစဉ် ၊ ဟာမိုနီ ၊ စည်းချက်ရေးဖွဲ့မှုများကို  ကူးချမှုဖြင့်  စွဲချက်တင်ထားကြောင်း  TMZ တွင် ဖော်ပြထားသည်။

အဆိုပါ တရားစွဲဆိုမှုအပေါ်  ထင်မြင်ချက်ပြောကြားပေးရန်  People မဂ္ဂဇင်း၏မေတ္တာရပ်ခံချက်ကို ရှီရန်၏ ကိုယ်စားလှယ်က  တုံ့ပြန်ပြောကြားခြင်းမရှိသေးပေ။

တောင်းဆက်ဒ်၏မိသာစုဝင်များသည် တေးသီချင်းများနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ချိုးဖောက်မှုအပေါ် စွဲချက်တင်မှုသည် ရှီရန်တစ်ယောက်တည်းမဟုတ်ပေ။ မကြာသေးမီက နယူးဂျာဆီပြည်နယ်တွင် ပြုလုပ်သော တောင်းဆက်ဒ်မိသားစု၏ ၂၅နှစ်ပြည့်နှစ်ပတ်လည်အစီစဉ်တွင် အမျိုးသားတေးဂီတအဖွဲ့  Boyz II Men အဖွဲ့က “ Let’s Get It On” တေးသီချင်းကို စတင်ဖွင့်ခဲ့ဲပြီး ရှီရန်၏ “ Thinking Out Loud” တေးသီချင်းကို ပြောင်းလဲဖွင့်ခဲ့ပြီးနောက် ယင်းတေးသီချင်းနှစ်ပုဒ်တွင် တူညီချက်များကို ထောက်ပြခဲ့သည်။

 ဂရမ်မီဆုရှင် ရှီရန်သည် လွန်ခဲ့သည့်နှစ်နှစ်က ဗြိတိန်၏ရောင်းအားအကောင်းဆုံး တေးသံရှင်တစ်ဦဖြစ်ခဲ့ပြီး  One Direction ၊ တေလာဆွစ်ဖ် နှင့် ဂျက်စတင်ဘီဘာ ကဲ့သို့သော အဆိုတော်များတွက် တေးသီချင်းများကိုရေးသားပေးခဲ့သူဖြစ်သည်။

ကာလီဖိုးနီးယားအခြေစိုက် တေးဂီတပညာရှင်နှစ်ဦးက ရှီရန်၏ နာမည်ကျော်ကြားသော “Photograph” တေးသီချင်းနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ချိုးဖောက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း၂၀ပေးရန် ရှီရန်ကို တရားစွဲဆိုခံရပြီးနောက် နှစ်လအကြာတွင် အဆိုပါ တရားစွဲဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags