ဟောလိ၀ုဒ် မင်းသမီး မီဂန်ဖော့ဇ် တတိယမြောက် သားယောက်ျားလေးမွေးဖွား

ဟောလိ၀ုဒ် မင်းသမီး မီဂန်ဖော့ဇ် တတိယမြောက် သားယောက်ျားလေးမွေးဖွား

နယူးယော့ခ် ၊ သြဂုတ် ၁၀ ။         ။ ဟောလိဝုဒ်မင်းသမီး မီဂန်ဖော့ဇ်သည် သြဂုတ်၄ရက် တတိယမြောက်က သားယောကျ်ားလေးကို မွေးဖွားခဲ့ကြောင်း နှင့် ကလေးနာမည်ကို ဂျော်နီရေဗားဂရင်းဟု အမည်ပေးထားကြောင်း  People  မဂ္ဂဇင်းက သြဂုတ် ၉ရက်နေ့တွင် ပြောကြားခဲ့သည်။

မီဂန်ဖော့ဇ် နှင့်  ဘရိန်းအော်စတင်ဂရင်းတို့ ဇနီးမောင်နှံတွင် အသက် သုံးနှစ်အရွယ် သားဖြစ်သူ နိုအာရှ် နှင့် အသက်နှစ်နှစ်အရွယ် သားဖြစ်သူ  ဘိုဒီတို့သားနှစ်ယောက်ရှိပြီ ယခုအခါ တတိယမြောက် သားယောက်ျားလေးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ ဂရင်းတွင် ယခင်အိမ်ထောင်နှင့် ရရှိထားသော အသက် ၁၄ နှစ်အရွယ် ကက်ဆီအက်စ်အမည်ရှိ သားတစ်ယောက်ရှိသည်။

“  မီဂန်ဟာ အံ့သြဖွယ်ကောင်းတဲ့ မိခင်တစ်ယောက်ပါ သူမသားသုံးယောက်မွေးမယ်လို့ ကျွန်တော် မထင်ထားဘူး။ အဘိုးတစ်ယောက်ဖြစ်လာတဲ့အခါ အံသြဖွယ်အတွေ့အကြုံတွေရှိတယ်။ သူတို့ဇနီးမောင်နှံဟာ အတူရှိနေပါတယ်။သူတို့နှစ်ဦးလုံးအရမ်းကို ပျော်နေပါတယ်။”ဟု မီဂန်ဖော့ဇ်၏ ဖခင်ဖြစ်သူ ဖရန်လကင်က ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က မီဂန်သည် ကွာရှင်းပြတ်စဲရန် လျှောက်လွှာတင်ထားခဲ့သော်လည်ငြားလည်း ၎င်းတို့နှစ်ဦးသည် ပြန်လည်ပေါင်းစည်းနေပြီဖြစ်ကြောင်း သတင်းအရင်းမြစ်တစ်ခုက  Us Weekly ကို ပြောကြားခဲ့သည်။

မီဂန်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ဂျော်နီရေဗားဂရင်းနှင့်  ငါးနှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်ရန် ကွာရှင်းခွင့်လျှောက်ထားခဲ့သော်လည်း ဧပြီလက တတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ပြန်လည် ပေါင်းစည်းခဲ့သည်။

ဂရင်းသည် မီဂန်ပါဝင်သရုပ်ဆောင်ထားသော  ABC ရုပ်သံ၏  Hope& Faith အစီစဉ်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်က ဂရင်းနှင့် မီဂန်တို့ စတင်တွဲခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly