ဂျေမီအိုလစ်ဗာနဲ့ ဇနီးဖြစ်သူ ဂျိုလ်စ်တို့ ပဥ္စမမြောက် ရင်သွေးလေးကို ကြိုဆို

ဂျေမီအိုလစ်ဗာနဲ့ ဇနီးဖြစ်သူ ဂျိုလ်စ်တို့ ပဥ္စမမြောက် ရင်သွေးလေးကို ကြိုဆို

နယူးယော့ခ်၊ သြဂုတ် ၁၀ ။               ။ ဂျေမီအိုလစ်ဗာ နှင့် ဇနီးဖြစ်သူ ဂျိုလ်စ်တို့သည် ယခုသီတင်းပတ်ကုန်က ၎င်းတိုွှ၏ပဉ္စမမြောက် ရင်သွေးလေးကို ကြိုဆိုခဲ့ကြောင်းနှင့် ဂျေမီသည် သြဂုတ် ၈ ရက် လူမှုရေးမီဒီယာတွင် ၎င်း၏ ပဉ္စမ မြောက် ရင်သွေးငယ် ဓာတ်ပုံကို ပထမဆုံးအကြိမ် မျှဝေခဲ့သည်။

ဂျေမီအိုလစ်ဗာ နှင့် ဇနီးဖြစ်သူ ဂျိုလ်စ်တို့ ဇနီးမောင်နှံ၏ သားသမီးများဖြစ်သော အသက် ၁၄ နှစ်အရွယ် ပေါ့ပီဟန်နီ ၊ အသက် ၁၃ နှစ်အရွယ် ဒေစီဘို ၊ အသက် ၇ နှစ်အရွယ် ပီတဲလ်ဘလွန် ဆမ်နှင့် အသက်ငါးနှစ်အရွယ် ဘက်ဒီဘီယားတို့သည် ယခုအခါ မောင်လေးထပ်မံ ရရှိခဲ့ပြီဖြစ်သည်။ ပဉ္စမမြောက် သားလေးကို ယခုအချိန်ထိ နာမည်မပေးရသေးကြောင်း သိရသည်။

“ဒါကတော့ ကျွန်တော့သားလေးဖြစ်ပါတယ်။ကျွန်တော်တို့ မိသားစုဝင်တွေဟာ အရမ်းကို ပျော်ရွှင်နေပါတယ်။ ”ဟု အိုလစ်ဗာက ပဉ္စမမြောက်ရင်သွေး သားငယ် ဓာတ်ပုံနှင့်အတူ စာရေး သားခဲ့သည်။

ဂျိုလ်စ်နှင့် ဂျေမီတို့သည်  ပဉ္စမမြောက် ရင်သွေးလေးကို မျှော်လင့်ထားကြောင်း မတ်လက ပြောကြားခဲ့ကြောင်း နှင့်  ယခုအခါ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သော ၎င်းတို့နှစ်ဦးသည် ပဉ္စမ မြောက် ရင်သွေးလေး ရရှိခဲ့ပြီဖြစ်သည်။

“သားလေးရော မိခင်ပါ ကျန်းကျန်းမာမာရှိပါတယ်။ သဘာဝအတိုင်း မွေးဖွားခဲ့တာပါ။ သားငယ်ဟာ ကိုယ်အလေးချိန် ရှစ်ပေါင်ရှိပါတယ်။ သားလေးကို အခုထိ နာမည်မပေးရသေးပါဘူး။ ကျွန်တော်တို့ အရမ်းကို ပျော်ရွင်နေပါတယ်” ဟု အိုလစ်ဗာက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly