အစားအစာ ထရပ်ကားအတွက် လီဟောင်ဂီကို ကျေးဇူးတင်ကြောင်း ပက်ခ်ရှင်ဟေး ပြောကြား

အစားအစာ ထရပ်ကားအတွက် လီဟောင်ဂီကို ကျေးဇူးတင်ကြောင်း ပက်ခ်ရှင်ဟေး ပြောကြား

တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးက သြဂုတ် ၈ ရက်က SBS ရုပ်သံ၏ ဒရမ်မာ ဇာတ်လမ်းတွဲ “Doctors” ဇာတ်ကား ရိုက်ကွင်းသို့ အစားအစာများ တင်ဆောင်လာသော ထရပ်ကားကို ပေးပို့ခဲ့သည့်အတွက် ရော့ခ်တေးဂီတဖွဲ့ FT Island အဖွဲ့ဝင် လီယောင်ဂီကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ပက်ခ်သည် ထရပ်ကားပေါ်မှ အစားအစာများနှင့် ၎င်း၏ ဓာတ်ပုံကို  အင်စတာဂရမ်တွင် တင်ခဲ့ပြီး လီဟောင်ဂီပို့ပေးသော အစားအစာများ သယ်ဆောင်လာသော ထရပ်ကားသည် သုံးရက်ကြာ ဇာတ်ကားရိုက်ကူးမှုကြောင့်  အနည်းငယ်သာ အိပ်ခဲ့ရပြီး ပင်ပန်းနွမ်းနယ်နေသော ကျွန်မအား အထောက်အကူဖြစ်စေကြောင်း ပက်ခ်က ပြောကြားထားသည်။

အင်စတာဂရမ်တွင် တင်ထားသော ပို့စ်သည် လီဟောင်ဂီအပေါ် ပက်ခ်၏ သူငယ်ချင်းခင်မင်မှုကို ပြသနေသည်။ “Doctors” ဇာတ်ကားသည် ဆေးပညာဆိုင်ရာ အချစ်ဇာတ်လမ်းတွဲဖြစ်ပြီး ပက်ခ်ရှင်ဟေးနှင့် မင်းသား ကင်မ်ရေးဝမ်တို့ ပါဝင် သရုပ်ဆောင်ထားသည်။

Ref; ကေပေါ့ဟာရယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly