ဒီဂျေ ခါလက်ဒ် အမေရိကန် ဘေလ်ဘုတ် ၂၀၀ တေးအယ်လ်ဘမ် စာရင်းတွင် ပထမဆုံးအကြိမ် ထိပ်ဆုံးမှ ရပ်တည်

ဒီဂျေ ခါလက်ဒ် အမေရိကန် ဘေလ်ဘုတ် ၂၀၀ တေးအယ်လ်ဘမ် စာရင်းတွင် ပထမဆုံးအကြိမ် ထိပ်ဆုံးမှ ရပ်တည်

တေးဂီတထုတ်လုပ်သူ တစ်ဦးဖြစ်ပြီး လူမှုရေးမီဒီယာကြယ်ပွင့် ဒီဂျေခါလက်ဒ်သည် ကနေဒါ R&B အဆိုတော် ဒရေ့ခ်ကို ကျော်လွန်ကာ သြဂုတ် ၈ ရက်က အမေရိကန် ဘေလ်ဘုတ် ၂၀၀ တေးအယ်လ်ဘမ်စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

ဒီဂျေ ခါလက်ဒ်၏ “Major Key” တေးအယ်လ်ဘမ်သည် အချပ်ရေ ၅၉၀၀၀ ချပ်နှင့် သီချင်း အပုဒ်ရေ ၈၀၀၀၀ ရောင်းချခဲ့ရပြီး ပြီးခဲ့သည့် သီတင်းပတ်က ကြည့်ရှုနားဆင်သူ ၄၂ သန်းခန့်ရှိခဲ့ပြီး စုစုပေါင်း တေးအယ်လ်ဘမ်ယူနစ် ၉၅၀၀၀ ရှိကြောင်း Nielsen SoundScan က ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

သီတင်းပတ် နှစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့သော ဒရေ့ခ်၏ “ Views” တေးအယ်လ်ဘမ်သည် ယခုသီတင်းပတ်က တေးအယ်လ်ဘမ် ယူနစ် ၈၀၀၀၀ အထိ ရောင်းချခဲ့ရပြီး နံပါတ် ၂ နေရာသို့ ရောက်ရှိခဲ့သည်။

ဘေလ်ဘုတ် ၂၀၀ တေးအယ်လ်ဘမ် စာရင်းသည်  တေးအယ်လ်ဘမ် ရောင်းချရမှု ၊ တေးသီချင်းရောင်းချရမှု (တေးသီချင်းဆယ်ပုဒ် ရောင်းချရမှုသည် တေးအယ်လ်ဘမ်တစ်ခုနှင့်ညီမျှ) နှင့် ကြည့်ရှုနားဆင်မှု (ကြည့်ရှုနားဆင်မှု ၁၅၀၀ သည် တေးအယ်လ်ဘမ်တစ်နှင့် ညီမျှ) တို့ဖြင့် စာရင်းကိုက်ထားခြင်း ဖြစ်သည်။

ဒီဂျစ်တယ် တေးသီချင်းဇယားတွင် The Chainsmokers အဖွဲ့ သီဆိုထားသော “Closer” ပေါ့ပ်တေးသီချင်းသည်  အပုဒ်ရေ ၁၀၃၀၀၀  ရောင်းချခဲ့ရပြီး နံပါတ်တစ်နေရာကို ရရှိထားသည်။

Ref; ရိုက်တာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly