ကြည့်ရှုမှုနှုန်းစံချိန်ကို ချိုးဖျက်မည့် ၂၀၁၆ ခုနှစ် ပထမဆုံးကိုရီးယားရုပ်ရှင် “ Train To Busan”

ကြည့်ရှုမှုနှုန်းစံချိန်ကို ချိုးဖျက်မည့် ၂၀၁၆ ခုနှစ် ပထမဆုံးကိုရီးယားရုပ်ရှင် “ Train To Busan”

ဆိုးလ်၊ သြဂုတ် ၈ ။              ။ ဖုတ်ကောင် (zombie) များအကြောင်းကို ရိုက်ကူးထားသော  တောင်ကိုရီးယား ရုပ်ရှင်ကား “ Train to Busan”သည် ကြည့်ရှုသူ ၁၀သန်းကျော်ရှိခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထာသည်။

“ Train to Busan” ရုပ်ရှင်ကားကို ဇူလိုင် ၂၀ရက်က ထုတ်လွှင့်ပြသပြီးနောက်ပိုင်း ရုံတင်ပြငွေစာရင်းတွင် နေရာယူထားသည်။အဆိုပါ ရှပ်ရှင်ကားသည် ကြည့်ရှုသူ ၁၀သန်း ကျော်လွန်မည့် ၂၀၁၆ ခုနှစ် ပထမဆုံးကိုရီးယား ရုပ်ရှင်ကားဖြစ်သည်။” A Violent Prosecutor” ရုပ်ရှင်ကားသည် ယခင်က ယခုနှစ်၏ ရုံတင်ပြသငွေစာရင်း အမြင့်ဆုံးစံချိန်တင်ခဲ့သည်။

“ Train to Busan” ရုပ်ရှင်ကားသည် ကိုရီးယားနိုင်ငံတွင်  “ Big 4” ဟုအမည်ပေးထားသော နွေရာသီ လူကြိုက်များသည့် ရုပ်ရှင်ကားလေးကားတွင် တစ်ကားအပါအဝင်ဖြစ်သည်။လူကြိုက်များသော ရုပ်ရှင်ကားလေးကားတွင် “ Operation Chromite” ၊ “ The Last Princess” နှင့် “ Tunnel” ရုပ်ရှင်ကားတို့ ပါဝင်သည်။” Train to Busan ” ရုပ်ရှင်ကားကို  ယခုနှစ်အစောပိုင်းတွင် ၆၉ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သည်။

အဆိုပါ ရုပ်ရှင်ကားသည်  ဒါရိုက်တာ ယွန်ဆောင်ဟို၏ ကြည့်ရှုသူ ၁၀သန်းရရှိထားသည့် ပထမဆုံးရုပ်ရှင်ကားလည်း ဖြစ်သည်။ ဟောလိဝုဒ်ရုပ်ရှင်များသည်  ကြည့်ရှုမှုနှုန်း မြင့်မားနေသော်ငြားလည်း ယွန်ဆောင်ဟိုသည် ကိုရီယား ပရိသတ်များအတွက်  ပြောင်မြောက်သော ဖုတ်ကောင်(zombie) ရုပ်ရှင်ကို ထုတ်လုပ်ပေးသည့်အတွက် ဂုဏ်ပြုခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly