သြဂုတ်လ ရုံတင်ပြငွေစာရင်းကို ချိုးဖျက်နိုင်ခဲ့တဲ့ “ Suicide Squad” ရုပ်ရှင်ကား

သြဂုတ်လ ရုံတင်ပြငွေစာရင်းကို ချိုးဖျက်နိုင်ခဲ့တဲ့ “ Suicide Squad” ရုပ်ရှင်ကား

နယူးယော့ခ်၊ သြဂုတ် ၈ ။                  ။ “ Suicide Squad” ရုပ်ရှင်ကားသည်  ပွဲဦးထွက် အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ၁သန်း ဝင်ငွေရရှိကာ ရုံတင်ပြငွေစာရင်းတွင်  နံပါတ်တစ်နေရာမှ ရပ်တည်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၄ဒသမ၃ သန်းရရှိကာ  သြဂုတ်လ ရုံတင်ပြငွေစာရင်း စံချိန်တင်ခဲ့သည့်  “ Guardians of The Galaxy” ရုပ်ရှင်ကား၏ စံချိန်ကို ချိုးဖျက်ခဲ့သည်။

အဆိုပါ ရုပ်ရှင်ကားတွင် ဝဲလ်စမစ် ၊ ဂျာရက်ဒ်လီတို ၊ မာဂေါ့ရော့ဘီ ၊ ကာရာဒလီဗင် ၊ ဂျိုးလ်ကင်နာမန် ၊ ဂျီအာကော့နေး ၊ Adewale Akinnuouye-Agbaje နှင့် အခြားသောအနုပညာများ ပါဝင်သည်။” Suicide Squad” ရုပ်ရှင်ကားသည် ပြည်ပဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၂ သန်းရရှိခဲ့ပြီး စုစုပေါင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၇၆ ဒသမ ၁ သန်းရရှိထားသည်။ အဆိုပါ ရုပ်ရှင်ကားကို အမေရိကန်ဒေါ်လာ ၁၇၅သန်း အကုန်ကျခံရိုက်ကူးထားသည်။

အဆိုပါ ရုပ်ရှင်ကားသည်  ဝေဖန်ရေးသမားများ၏ ပြစ်တင်ပြောဆိုမှုများရှိခဲ့သော်လည်း အောင်မြင်မှုရရှိခဲ့ကြောင်း  Vareity တွင် ဖော်ပြထားသည်။

စုံစမ်းထောက်လှမ်းရေးရုပ်ရှင်ကား  “ Jason Bourne” အပိုင်း ၅ သည် သီတင်းပတ်နှစ်ပတ်ကြာ ပြသပြီးနာက် ပြည်တွင်းဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ၄ သန်းရရှိခဲ့ပြီး နံပါတ် ၂ နေရာတွင် ရပ်တည်နေသည်။အဆိုပါ သည်းထိတ်ရင်ဖို အက်ရှင် ရုပ်ရှင်ကားသည် ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၉၅ဒသမ၃သန်းရရှိခဲ့သည်။

“ Bad Moms” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၁၄ဒသမ၂သန်း ရရှိခဲ့ပြီး နံပါတ် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly