IS စစ်သွေးကြွအဖွဲ့အကြောင်း ရုပ်မြင်သံကြား အခန်းဆက်ဇာတ်လမ်းတို ဘရက်ဒ်လေကော့ပါး ထုတ်လုပ်သွားမည်

IS စစ်သွေးကြွအဖွဲ့အကြောင်း ရုပ်မြင်သံကြား အခန်းဆက်ဇာတ်လမ်းတို ဘရက်ဒ်လေကော့ပါး ထုတ်လုပ်သွားမည်

နယူးယော့ခ်၊ သြဂုတ် ၈ ။              ။ ဟောလိဝုဒ်မင်းသား ဘရက်ဒ်လေကော့ပါးသည်  IS စစ်သွေးကြွများဦးမော့လာမှုအကြောင်းကို ရေးသားထားသော စာအုပ်ကို အခြေခံကာ ရုပ်မြင်သံကြား ဇာတ်လမ်းတိုများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း နှင့် စာရေးဆရာက  ယင်းဇာတ်လမ်းတိုများသည်  IS အဖွဲ့ ပေါ်ပေါက်လာပုံကို အမေရိကန် ပြည်သူများ နားလည်လာစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ထားသည်။

 ဝါရှင်တန်ပို့စ် သတင်းထောက် ဂျိုဘီဝါရစ်ခ်၏ ၂၀၁၆ ခုနှစ် Pulitzer  ဆုရစာအုပ် “ Black Flags: The Rise of ISIS” သည် ဂျော်ဒန်နိုင်ငံအတွင်း  IS  စစ်သွေးကြွများ အစပြုမှုမှ ဆီးရီးယားနိုင်ငံအတွင်း  IS များတိုးတတ်လာပြီး  IS စစ်သွေးကြွများ ဦးမော့လာမှုအကြောင်းကို  ပြုစုထားသည်။

ဝါရစ်ခ်၏ စာအုပ်သည် အီရစ်စစ်ပွဲက  IS စစ်သွေးကြွများကို ဘယ်လို ကြီးထွားအောင် လုပ်ဆောင်ခဲ့သည့်အကြောင်းကို ဖော်ပြထားကြောင်း အကြမ်းဖက်သမားများ ၊ နိုင်ငံရေးသမားများ နှင့် စုံစမ်းထောက်လှမ်းရေးအေဂျင်စီများနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုများတွင် ပြောကြားသည်။

ကော့ပါးသည် ၎င်း၏ထုတ်လုပ်ရေးကုမ္ပဏီမှတစ်ဆင့်  HBO ရုပ်သံဌာနအတွက် ရုပ်မြင်သံကြား အခန်းဆက်ဇာတ်လမ်းတိုများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း  HBO ရုပ်သံလိုင်းက ပြောကြားသည်။အဆိုပါ အခန်းဆက်ဇာတ်လမ်းတိုများသည်  ပညာပေးရန် ရည်ရွယ်ထားပြီး  IS စစ်သွေးကြွများအကြောင်းကို သိရှိနားလည်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း ဝါရစ်ခ်က ပြောကြားသည်။

“ Black Flags” အတွက် သရုပ်ဆောင်ရွေးချယ်ခြင်း သို့မဟုတ် ထုတ်လွှင့်မည့်ရက်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly