ကွယ်လွန်ပြီးနောက် ဗြိတိန်တေးအယ်လ်ဘမ်ဇယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်နေတဲ့ Viola Beach အဖွဲ့

ကွယ်လွန်ပြီးနောက် ဗြိတိန်တေးအယ်လ်ဘမ်ဇယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်နေတဲ့ Viola Beach အဖွဲ့

နယူးယော့ခ်၊ သြဂုတ် ၆ ။              ။ ဗြိတိန် ရော့ခ်တေးဂီတအဖွဲ့  Viola Beach အဖွဲ့သည် ယာဉ်တိုက်မှုတွင် ကွယ်လွန်ခဲ့ပြီးနောက် ခြောက်လအကြာတွင် ဗြိတိန်တေးအယ်လ်ဘမ်ဇယားတွင် ၎င်းတို့၏ ပွဲဦးထွက်တေးအယ်လ်ဘမ် “ Viola Beach” ဖြင့် နံပါတ်တစ်နေရာတွင် ရပ်တည်လျက်ရှိသည်။

ရော့ခ်တေးဂီတအဖွဲ့ ELO၏ “All Over The World - The Very Best Of” တေးအယ်လ်ဘမ်သည်  အချပ်ရေ ၆၀၀၀ခန့် ရောင်းချခဲ့ရပြီး နံပါတ် ၂ နေရာတွင် ရပ်တည်လျက်ရှိကြောင်း  Official Chart Company က ပြောကြားသည်။

“ ကျွန်တော် အရမ်းကို တုန်လှုပ်မိပါတယ်။ သူတို့တွေ အရမ်းစိတ်လှုပ်ရှားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်သူတို့ရဲ့မျက်နှာပေါ်က အပြုံးတွေကို မြင်တွေ့ချင်မိပါတယ်”ဟု  Viola Beach အဖွဲ့၏ဂစ်တာ ပညာရှင် ရေဗား၏အစ်ကိုဖြစ်သူ ဖင်ရီဗက်စ်က ပြောကြားသည်။

Viola Beach အဖွဲ့တွင် အဆိုတော် ခရစ်လနာ့ဒ် ၊ ဂစ်တာပညာရှင် ရေဗား ၊ ဘေ့စ်ဂီတာပညာရှင် တိုမက်စ်လိုဝီ နှင့် ဒရမ်သမား ဂျက်ခ်ဒါကင်တို့ ပါဝင်သည်။ အဖွဲ့ဝင် လေးဦး နှင့် ၎င်းတို့၏မန်နေဂျာ ခရစ်တာရီတို့သည် ဖေဖော်ဝါရီလက ဆွီဒင်နိုင်ငံတွင် ၎င်းတို့၏ ကား တူးမြောင်းတစ်ခုအတွင်းသို့ ထိုးဆင်းကျသွားခဲ့ရမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုတော်  Christine & The Queens ၏ “ Chaleur Humaine” တေးအယ်လ်ဘမ်သည် နံပါတ် သုံးနေရာတွင် ရပ်တည်နေပြီး ဒရေ့ခ်၏ “ Views” တေးအယ်လ်ဘမ်သည် စတုတ္ထနေရာတွင် ရပ်တည်နေကာ အဒဲလ်၏ “ 25” တေးအယ်လ်ဘမ်သည် ပဉ္စမနေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly