ရီအို အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယားနိုင်ငံတော်သီချင်း သီဆိုပေးခဲ့တဲ့ Wonder Girls အဖွဲ့

ရီအို အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယားနိုင်ငံတော်သီချင်း သီဆိုပေးခဲ့တဲ့ Wonder Girls အဖွဲ့

ဆိုးလ်၊ သြဂုတ် ၆ ။              ။ ကေပေါ့ပ်အမျိုးသမီးအဆိုတော်အဖွဲ့  Wonder Girls အဖွဲ့သည် ၂၀၁၆ ရီအို အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယားနိုင်ငံတော် သီချင်းကို သီဆိုပေးခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဖွဲ့ဝင်တစ်ဦးချင်းစီသည်  အရောင်ငါးရောင်ပါဝင်သော အိုလံပစ်ကွင်းများကို ကိုယ်စားပြုသည့် အနေဖြင့် သက်တံရောင် ခါးပေါ်အကျီများကို ဝတ်ဆင်ထားကြသည်။ အိုလံပစ်ကွင်များကို အပြာရောင် ၊ အဝါရောင် ၊ အနက်ရောင် ၊ အစိမ်းရောင် နှင့် အနီရောင်တို့ဖြင့် ပြုလုပ်ထားသည်။

၂၀၁၆ ရီအို အိုလံပစ်အားကစားပြိုင်ပွဲကို  ဘရားဇီးနိုင်ငံ ရီအိုဒီဂျနေးရိုးမြို့တွင် သြဂုတ် ၅ ရက်မှ ၂၁ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly