တေလာဆွစ်ဖ်၏ မောင်ဖြစ်သူ အော်စတင်ဆွစ်ဖ် မကြာမီထုတ်လွှင့်ပြသမည့် “ I.T”ရုပ်ရှင်ကားတွင် ပါ၀င်သရုပ်ဆောင်သွားမည်

တေလာဆွစ်ဖ်၏ မောင်ဖြစ်သူ အော်စတင်ဆွစ်ဖ် မကြာမီထုတ်လွှင့်ပြသမည့် “ I.T”ရုပ်ရှင်ကားတွင် ပါ၀င်သရုပ်ဆောင်သွားမည်

 နယူးယော့ခ်၊ သြဂုတ် ၆ ။                ။ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်၏ မောင်ဖြစ်သူ အော်စတင်ဆွစ်ဖ်သည် မကြာမီထုတ်လွှင့်ပြသမည့် နည်းပညာ လျှို့ဝှက်သည်းဖိုရုပ်ရှင်ကား “ I.T”  ရုပ်ရှင်နမူနာတွင် မင်းသား ပရင့်စ်ဘရော့စ်နန်နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အဆိုပါရုပ်ရှင်ကားတွင် ပရင့်စ်ဘရော့စ်နန်သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အိုင်တီအကြံပေးဖြစ်သူ မိုက်ခ်အဖြစ်ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။ဟက်ကာများသည် မိုက်၏နေအိမ်ရှိ အခန်းတိုင်းကို စောင့်ကြည့်နေပြီး ၎င်းပိုင် နည်းပညာကိရိယာများ ၊ လေယာဉ်များ နှင့် ကင်မရာဖုန်းများကို ထိန်းချုပ်ထားသည်။

အော်စတင်သည်  ယင်းရုပ်ရှင်ကားတွင် “ Lance” အဖြစ်ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။ ရုပ်ရှင်နမူနာကားတွင် အော်စတင်ကို  မင်းသမီး စကော့၏မျက်နှာချင်းဆိုင်တွင် ရပ်ကာ  ဖုန်းကိုင်ထားသည်ကို တွေ့ရသည်။

 “ ကျွန်မမောင်လေး  ရုပ်ရှင်ကားမှာ ပထမဆုံးအကြိမ် သရုပ်ဆောင်နေပါတယ်။ ကျွန်မ ဂုဏ်ယူမိပါတယ်”ဟု တေလာက  အော်စတင်ကားမောင်းနေသော ဓာတ်ပုံနှင့်အတူ  အင်စတာဂရမ်တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါရုပ်ရှင်ကားသည် အိုင်တီအကြံပေးအဖြစ်မှ ဟက်ကာအဖြစ် ပြောင်းလဲသွားသူတစ်ဦးသည် ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာပြီး ၎င်း၏အိမ်ထောင်သည်ဘဝကို စိတ်ကုန်လာချိန် သမီးဖြစ်သူကို အယောင်ပြကာ မိသားစု၊ စီးပွားရေး နှင့် ဘဝကို ခြိမ်းခြောက်ခံရခြင်းကြောင့် ၎င်း၏ဘဝဗြောင်းဆန်သွားသည့်အကြောင်းကို ပုံဖော်ရိုက်ကူးသွားမည်ဖြစ်သည်။

နည်းပညာလျှို့ဝှက်သည်းဖိုရုပ်ရှင်ကား “ I.T” ကို စက်တင်ဘာလ ၂၃ရက်တွင် ရုပ်ရုင်ရုံများ၌ ပြသသွားမည်ဖြစ်ပြီး ဗီဒီယိုအဖြစ် ထုတ်ဝေသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly